လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, November 21, 2012

ယူနိုက်တက်မှ ထွက်ခွာရန် ဖာဒီနန် စဉ်းစားနေ

Photo: ယူနိုက်တက်မှ ထွက်ခွာရန် ဖာဒီနန် စဉ်းစားနေ

မန်ယူ နောက်ခံလူ ဖာဒီနန်သည် ယခု ရာသီကုန်တွင် အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးသည့် အခါ ယင်းက ၎င်းအတွက် အသင်းမှ ထွက်ခွာရန် အကောင်းဆုံး အကြောင်းပြချက် ဖြစ်လာနိုင်ကြောင်း မိတ်ဆွေများ ကို ပြောကြားခဲ့သည်။

ထို့အပြင် ဖာဒီနန်သည် အနာဂတ်တွင် ၎င်းမှာ ဘောလုံး လောကမှ အနားယူမည် မဟုတ်ဘဲ အသင်း အပြောင်း အရွှေ့သာ ပြုလုပ် သွားမည်ဟု သူ၏ မိတ်ဆွေများကို ဆိုခဲ့သည်။ အာရှမှ တရုတ် စူပါလိဂ်တွင် ပြောင်းရွှေ့ ကစားရန် အစီအစဉ် ရှိသည့် ဖာဒီနန် အနေဖြင့် ၎င်းကို မန်ယူအသင်းကို တစ်ပတ် လုပ်အားခ ပေါင် ၁ သိန်း ၃ သောင်းတန် စာချုပ်သစ်ကို လက်ခံရန် စည်းရုံး လာပါက စိတ်ပြန်ပြောင်းဖွယ် ရှိနေသည်။ နည်းပြ ဖာဂူဆန်က ဖာဒီနန်ကို အသင်းတွင် ဆက်လက် ရှိနေရန် မျှော်လင့်နေပြီး သူ့အနေဖြင့် ဘောလုံး လောကမှ အနားမယူခင် အကောင်းဆုံး ကစားနိုင်ဖွယ် ရှိနေသေးကြောင်း ဆိုသည်။ ဖာဒီနန်သည် ယမန်နှစ် ရာသီက မန်ယူ အသင်း အတွက် ပြိုင်ပွဲ အရပ်ရပ်တွင် ၃၈ ပွဲ ကစားထားပြီး ဒဏ်ရာ ပြဿနာများ ရှိနေသော်လည်း ယခုရာသီတွင် အသင်းအတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိနေသူ ဖြစ်သည်။ တရုတ်စူပါလိဂ် ကလပ် အသင်းဖြစ်သည့် ရှန်ဟိုင်းရှန် ဟွာ အသင်းတွင် ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ၂ ဦးဖြစ်သည့် အနယ်လ်ကာနှင့် ဒရော့ဘာတို့ ကစားပြီး အနယ်လ်ကာမှာ တစ်ပတ် လုပ်အားခ ပေါင် ၁ သိန်း ၇ သောင်း ရရှိကာ ဒရော့ဘာမှာ ၂ နှစ်ခွဲ စာချုပ်နှင့် အတူ လုပ်အားခ ပေါင် ၁ သိန်း ၉ သောင်းခွဲ ရရှိထားသူ ဖြစ်သည်။

http://www.myawady.net.mm/sport/news/world-news/230-2012-11-21-09-34-08

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..