လေ့လာမှုတစ်ခု၏တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင်အသုံးပြုခြင်းဖြစ်သည်အမျိုးသားတို့၏
သုက်ပိုးများအားအန္တရာယ်ရှိစေနိုင်ကြောင်းသံသယရှိမှုများပေါ်ထွက်လာခဲ့သည်။
ကျန်းမာသောအမျိုးသားအလှူရှင်၂၉ဦးတို့မှသုက်ပိုးနမူနာများအားစုစည်း၍အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။
တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့
ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာတစ်လုံးအနီးတွင်
လေးနာရီကြာ ထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ တူညီသော အခြေအနေတွင်
ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင် ရေးသားခဲ့သည်။
လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော အိုးထဲမှသုက်ပိုးများမှာ
ပျက်စီးသွားကြောင်း လေ့လာသူများကတွေ့ရှိခဲ့ရသည်။သုက်ပိုးများ၏ကူးခတ်နိုင်စွမ်းလျော့ကျသွားသလို၊ ၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း
ပြောင်းလဲသွားကြသည်။ အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား
ပျက်စီးစေနိုင်သော်လည်း ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ
လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက
မယုံကြည်ကြပေ။ယခုလေ့လာမှုအား Fertility and Sterility ဂျာနယ်တွင်
ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင်
စမ်းသပ်ခဲ့ခြင်းမဟုတ်၍ အမျိုးသားများအနေနှင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန်
မရှိကြောင်းဆိုကြသည်။ သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန်
တိုက်တွန်းထားသည်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment