လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, October 11, 2012

ဘန်ကောက်မှာလည်း ပတ်စပို့ရှိသူကိုပုလိပ်ဖမ်းစားတာပဲ


                         
        မြတ်ညို(အလွတ်သတင်းထောက်)
         အထည်ချုပ်အလုပ်သမားတဦးနှင့် အလုပ် သမားအရေးကူညီသည့်အဖွဲ့မှ ရုံးအဖွဲ့ သားတစ်ဦး တို့အား ဘန်ကောက်မြို့ အယ်ကချိုင်ဘန်ဘော် နယ်မြေတွင်ဖမ်းဆီးငွေတောင်းခံကြောင်း သိရှိရ သည်။
   အထည်ချုပ် အလုပ်သမား ကိုထွန်းမင်းနိုင်သည် အလုပ်ရုံသို့အသွား အယ်ကချိုင် ၆၆/၂ တွင် ဆိုင် ကယ်စီးပုလိပ်က  work permit မပါဟုဆိုကာ ဖမ်းဆီးခဲ့သဖြင့် ဘတ်ငွေ၁၀၀၀ ပေးချေခဲ့ရကြောင်း   သူကပြောသည်။
“ နယ်စပ်ကို ပြန်ပို့မယ်၊ ပတ်စပို့တစ်ခုတည်းနဲ့ ထိုင်းမှာ နေထိုင်လို့ မရဘူးလို့ ပုလိပ်ကပြောတယ်။ ကျနော်တို့ ရွာ ကအကို တစ်ယောက် ကို ခေါ်ပြီးတော့ အကူညီတောင်းလိုက်ရတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှရုံးအဖွဲ့မှူး ကိုအောင်ခန့်   ဆဲဗင်းအလဲဗင်းသို့ အသွား
 အယ်ကချိုင် စွယ်တောင်ဟမ်း ၉လမ်းထိပ်အရောက်တွင် ဆိုင်ကယ်စီး ပုလိပ်က ဖမ်းဆီးငွေတောင်း ခံ သည်။
MAT အဖွဲ့ ဘာသာပြန်ဦးစိုင်းအေး ကအပြန်အလှန်ညှိနှိုင်းပြောဆိုခဲ့သဖြင့် ငွေမပေးရပဲပြန်လည် လွတ်မြောက်
လာခဲ့သည်။
အလုပ်သမားများ ကိုင်ဆောင်သည့် ပတ်စပို့လုပ်ကိုင်ရန် နေထိုင်ခွင့် ထာရော၃၈/၁ နှင့် အလုပ်လုပ်ခွင့် ၁၉၀၀စာရွက်လိုအပ်သည်။ work permit   အလုပ်လုပ်ခွင့်ကဒ် လုပ်ရန် အတွက်မူ လုပ်ငန်းရှင်၏ စာရွက် စာတမ်းများအလုပ်သမားသွေးစစ်စာရွက်များအပြည့်အစုံလိုအပ်သည်။
၂နိုင်ငံအစိုးရတို့ သဘောူ လုပ်ကိုင်ခဲ့ကြသည့် အလုပ်သမားပတ်စပို့ လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း ထိုင်းတနိုင်ငံ
လုံးနေရာတိုင်းတွင် ထိုင်းပုလိပ်တို့သည် မြန်မာအလုပ်သမားများအား တွေ့ရှိပါက ပတ်စပို့၊ work permit နှင့်ထောရော အစရှိသဖြင့်တမျိုးမဟုတ်တမျိုးစစ်ဆေးကာအဓမ္မ ငွေကြေးထောင်းခံလေ့ရှိကြောင်း  ကိုယ်တွေ့ကြုံဖူးသည့်အလုပ်သမားများ ပြောပြချက်အရသိရသည်။
          ဘန်ကောက်မြို့လယ်ရှိ အနူဆာဝါလီရှိ လွတ်လပ်ရေး ကျောက်တိုင်အနီးတွင် လည်း မြန်မာ အလုပ်သမားများ မကြာခဏယခုကဲ့သို့ကြုံရလေ့ရှိသည်။
by- goldenworkers

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..