လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, October 11, 2012

နှင်းခူအတွက် အိမ်တွင်းဆေးနည်းများ


နှင်းခူအတွက် အိမ်တွင်းဆေးနည်းများနှင်းခူဆိုတာ အရေပြား ရောင်ရမ်းတဲ့ အခြေအနေ တစ်ရပ်ပါ။ လက္ခဏာ အနေနဲ့ အရေပြား နီမြန်းတာ၊ ရောင်တာ၊ ယားတာ၊ ခြောက်တာနဲ့ အဖတ်တွေ လန်တာတို့ ဖြစ်တတ်သလို ပြင်းထန်တဲ့ ပိုးဝင်မှုကြောင့် အရည်ကြည် စိမ့်ထွက်တာနဲ့ သွေးထွက် တာတို့ ဖြစ်တတ် ပါတယ်။ နှင်းခူဖြစ်ရင် သက်သာစေဖို့ အိမ်တွင်း ကုသနည်းတချို့ကို လိုက်နာသင့်ပါတယ်။
(၁) ဂျုံမှုန့်သုံးပြီး ရေချိုးပါ
နှင်းခူကြောင့် ယားယံလွန်းနေရင် ဂျုံမှုန့်အကြမ်းကို သုံးပြီး ရေချိုးလိုက်ပါ။ အရေပြား ရောင်ရမ်းမှုနဲ့ ယားယံမှု သက်သာစေပါတယ်။ ဂျုံမှုန့်ထည့်ထားတဲ့ ရေနဲ့ ချိုးတာကြောင့် အယားပြေစေရုံသာမက အရေပြားကို စိုပြည်စေပါတယ်။

(၂) ပင်လယ်ဆားဖြင့် ရေချိုးပါ
ပင်လယ်ဆားဟာ အကောင်းဆုံး အရေပြား ကြေးချွတ်ပစ္စည်း တစ်မျိုးပါ။ အရေပြားဆဲလ်သေတွေကို ကင်းကွာစေရုံသာမက အရေပြားဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ပင်လယ်ဆားမှာပါတဲ့ မရှိမဖြစ် သတ္တုဓာတ်တွေက အရေပြား ရောင်ရမ်းမှုကို ကျစေပြီး စိုပြည်စေပါတယ်။ သုံးရမယ့်နည်းက ပင်လယ်ဆားနဲ့ ရေကိုရောပြီး နှင်းခူနာပေါ် လိမ်းပေးရမှာပါ။ ပြီးမှ ရေချိုးလိုက်ပါ။
(၃) သံလွင်ဆီ သုံးပါ
ဗီတာမင်အီး များစွာ ပါဝင်တဲ့ သံလွင်ဆီဟာ နှင်းခူလက္ခဏာတွေကို သက်သာစေပြီး အစိုဓာတ်ကို ပြန်ထိန်းပေးကာ အရေပြား ခြောက်သွေ့တာနဲ့ အက်ကွဲတာကို သက်သာစေပါတယ်။ ရေချိုးပြီးချိန်မှာ သံလွင်ဆီကို နှင်းခူနာပေါ် ချက်ချင်းလိမ်းပေးရမှာ ဖြစ်ပါတယ်။ (၄) လက်ဖက်ဆီကို လိမ်းပါ လက်ဖက်ဆီမှာ တာပင်နွိုက် ပါဝင်တာကြောင့် အရေပြား ရောင်ရမ်းမှုနဲ့ ယားယံမှုကို အမြန်သက်သာစေပါတယ်။ ကြိတ်ခြေထားတဲ့ လက်ဖက်ရွက်ကိုလည်း လိမ်းပေးနိုင်ပါတယ်။ (၅) နှမ်းကြတ်စေ့ဆီကို သုံးပါ နှမ်းကြတ်စေ့ဆီမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေပြားကို ကျန်းမာစိုပြည်စေပါတယ်။ ကြယ်စင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..