လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 2, 2012

မြန်မာပြည်တွင် နောက်ထပ်အစိုးရပိုင်စက်ရုံ ၂၆ ခု လေလံပစ်တော့မည်ဟု တရုတ်စင်ဟွာသတင်း ဖော်ပြ

တရုတ်စင်ဟွာသတင်း ဌာနရဲ့ ဖော်ပြချက်အရ မြန်မာ နိုင်ငံမှာ အစိုးရပိုင်စက်ရုံအလုပ်ရုံ များ၊ ပုဂ္ဂလိကသို့ အသွင်ပြောင်း လျက် ရှိရာ နောက်ထပ်အစိုးရပိုင် ၂၆ ရုံ လေလံပစ်ဦးမယ်လို့ ဖော်ပြ ထားပါတယ်။ ထိုသို့
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆောင်ရွက်ရာမှာ လေ လံ ပစ်ခြင်း၊ ငှားရမ်းအသုံးပြုခွင့် ပေးခြင်းနဲ့အစိုးရနှင့်ဖက်စပ်ဆောင်ရွက်မှုကို ဒေသခံ သို့မဟုတ် နိုင်ငံ ခြား အဖွဲ့အစည်း များနဲ့ ရင်းနှီးမြှုပ်နှံဆာင်ရွက်စေခြင်း နည်းလမ်း များနဲ့ အသုံးပြုမယ်လို့ ဆိုပါ တယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရပိုင် မွေးမြူရေး နဲ့ ရေလုပ်ငန်းဝန်ကြီး ဌာန၊ မွေးမြူရေးအစား အစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဌာနပိုင် စက်ရုံများ အဓိကပါဝင် မယ်လို့သိရပါတယ်။ အစိုးရပိုင် စက်ရုံတွေကို ပိုမိုထိရောက်ထက် မြက်ပြီး အမြတ်အစွန်းရတဲ့ စက် စွမ်းအားပြည့် လည်ပတ်နိုင်တဲ့ ဈေးကွက်စီးပွားရေး အခြေခံစက်ရုံ များအဖြစ် ပြုပြင်ပြောင်းလဲမှာဖြစ် တယ်လို့ ဆိုပါတယ်။ စက်ရုံ ၂၆ ရုံအနက် ၆ ရုံကို လေလံ၊ ၁ဝ ရုံကို ငှားရမ်း၊အခြား ၁ဝ ရုံကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖက် စပ်လုပ်ကိုင်စေမယ်လို့ သိရပါ တယ်။ ယခင်အစိုးရ ဝန်ကြီးဌာနရုံး များဖြစ် တဲ့ နိုင်ငံခြားရေး၊ စွမ်းအင်၊ ဟိုတယ်ခရီး၊ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားကူးသန်းရုံးတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ဖို့ရှိကြောင်း လည်း သိရ ပါတယ်။
ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..