လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 2, 2012

ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်

စက်တင်ဘာလ (၃ဝ) ရက်နေ့ ညနေပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဦးဌေးဦး နေပြည်တော် ပျဉ်းမနား ဘိုးဘွားရိပ်သာ ဆေးခန်း ဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်လှူဒါန်းစဉ် (ဓါတ်ပုံ - Ngwe Nyint ) ရန်ကုန်၊ အောက်တိုဘာ ၁ လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း
အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက The Voice Weekly သို့ ပြော ကြားသည်။ အဆိုပါ ဥက္ကဋ္ဌသစ် အဖြစ် မည်သူ ဖြစ်လာမည် ကို ထွေထွေ ညီလာခံ ပြီးမှသာ ထုတ်ပြန် ကြေညာ မည်ဖြစ်ပြီး၊ အဆိုပါ ဥက္ကဋ္ဌသစ် ရွေးချယ် ရန် အတွက် အရန် ကော်မတီ များ ဖွဲ့စည်းပြီး၊ အစည်းအဝေး များ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြံခိုင်ရေး ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင် ကဆိုသည်။ ပြည်ခိုင်ဖြိုးပါတီ ပြည်လုံးကျွတ် အထွေထွေ ညီလာခံကို အောက်တိုဘာ လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကြံခိုင်ရေး ဗဟိုဌာန ချုပ် (နေပြည်တော်) တွင် ကျင်းပသွားမည် ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ၊ ပါတီ၏ တစ်နှစ် တာ လုပ်ဆောင် ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ ကြံခိုင်ရေး ပါတီ သည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ တွင် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုးရေး အသင်းအဖြစ် တည်ထောင် ခဲ့ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ယခင်တပ်မတော် အစိုးရ အဆင့်မြင့် အရာရှိ များ ဦးဆောင်ကာ ပါတီ အဖြစ် ပြောင်းလဲ တည်ထောင် ကာ ယခင် တပ်မတော် အစိုးရ နိုင်ငံ တော် အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွေက နာယက အဖြစ် ဆောင် ရွက်ခဲ့ပြီး ယခုနိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်က ပါတီ ဥက္ကဌ အဖြစ် ဆောင် ရွက်ခဲ့သည်။
 The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..