လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 10, 2012

ထိုင်းရောက် မြန်မာများနဲ့ လူကုန်ကူးမ


 ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတချို့ဟာ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ တွေ့ကြုံနေရပါတယ်။

  ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ် လှေဆိပ်တခုမှာ ရောင်းစားခံရတော့မယ့် မြန်မာနိုင်ငံသား ၉ ယောက်ကို မကြာသေးခင် ရက်ပိုင်းက ကယ်တင်ခဲ့ပါတယ် လို့ http://www.dailynews.co.th/crime/159163  မှာ ရေးထားပါတယ်။  ဒီလ ၅ ရက်နေ့မှာ ကယ်လိုက်တာလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံသား ၉ ယောက်ကို အတင်း အဓမ္မ အလုပ် လုပ်ခိုင်းပြီးတော့ ပိုက်ဆံ မပေးဘူး၊ နောက်ပြီးတော့ ထွက်ပြေးဖို့ ကြိုးစားမယ် ဆိုရင်လည်း နှိပ်စက်ခံရမယ်၊ ထမင်း မကျွေးဘူး ဆိုပြီးတော့ ခြိမ်းချောက်တာတွေ ရှိတယ်” လို့ ထိုင်းသတင်းမှာ ရေးထား ပါ တယ်။

သတင်းတွေ အရ ဆိုရင် လှေဆိပ်မှာ အရောင်းစားခံရသူတွေအထဲမှာ အသက် မပြည့်တဲ့ သူတွေ ပါတယ်၊ အများစုကတော့ အသက်၂၀ ကျော် အရွယ်တွေ ဖြစ်ကြတယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ ဖြစ်ပါတယ် တဲ့။

ဒါနဲ့ဆက်စပ်ပြီးတော့ လူကုန်ကူးမှု ကျူးလွန်တယ်လို့ ယူဆရတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်၊ လာအို နိုင်ငံသား ၁ ယောက် တို့ကို ဖမ်းလိုက်တယ်လို့ သတင်းက ဆိုပါတယ်။

အဖမ်းခံရတဲ့ လူတွေဟာ အသက် ၃၅ နဲ့ ၃၉ အရွယ်တွေ ဖြစ်ကြတယ်၊ လူကုန်ကူးမှု၊  တရားမ၀င် အလုပ်သမား လက်ခံမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကလည်း အဲဒီမြိ့နယ်မှာရှိတဲ့ အချောင် လှေဆိပ်မှာ ရောင်းစားခံထားရသူ မြန်မာ နိုင်ငံသား ၂၂ ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ကယ်တင်ခဲ့ပါသေးတယ်။

 ထိုင်းအလုပ်ရှင်တွေထံမှာ အဲဒီလို ရောင်းစားတာတွေက မြန်မာပြည်သားတွေ အချင်းချင်းကြားထဲမှာလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာပြည်သားတွေကတော့ ပွဲစားတွေကို အားကိုးပြီးတော့ ထိုင်းနိုင်ငံထဲ  အဖမ်းအဆီး အစစ်အဆေးတွေ ရှိနေတဲ့ကြားက   နေ့စဉ် နည်းမျိုးစုံနဲ့ ၀င်ရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲပါပဲ။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..