လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 10, 2012

ဒိန်ချဉ် စားခြင်းကြောင့် သွေးဖိအား မြင့်တက် မှုကို ကာကွယ်နိုင်

 ဒိန်ချဉ် စားခြင်းကြောင့် သွေးဖိအား မြင့်တက် မှုကို ကာကွယ်နိုင်ကယ်လိုရီနည်းစွာ ပါဝင်တဲ့ ဒိန်ချဉ်ကို နေ့စဉ်စားသုံး ပါက သွေးဖိ အား မြင့် တက်မှု ဖြစ်နိုင်ခြေ လျော့နည်းကြောင်း လေ့လာမှု အသစ်အရ အကြံပေး ထား ပါတယ်။ အမေရိကန် နှလုံးရောဂါအဖွဲ့မှ သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ချက်အရ ဒိန်ချဉ်ကို ရေရှည် စားသုံးသူတွေဟာ အပေါ်သွေးဖိအား နိမ့်ကျနိုင်ကြောင်းနဲ့
သွေးတိုးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။ သွေးဖိအား မြင့်တက်တာကို ကုသမှု မခံယူရင် သွေးကြောတွေ ပျက်စီးနိုင်ပြီး သွေးကြောတွင်း အမာရွတ်တွေ ဖြစ်တတ်ပါတယ်။ သွေးကြောတွေမှာ ဒဏ်ရာ ရရှိတာကြောင့် သွေးကြောတွင်း ရောက်ရှိလာတဲ့ ကိုလက်စထရောနဲ့ သွေးခဲဖတ်လို အစအနလေးတွေဟာ ဒဏ်ရာ ရှိတဲ့ နေရာမှာ တွယ်ကပ်နေတတ်ပြီး သွေးကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ်နဲ့ ပရိုတင်းတွေ များစွာ ပါဝင်ပြီး ဗိုက်ပြည့်တင်းမှု ရရှိစေကာ အရည်ဓာတ်ကိုလည်း ရရှိစေပါတယ်။ လေ့လာမှုပြုသူတွေဟာ သွေးတိုးရောဂါ မရှိသူ လူပေါင်း ၂၀၀၀ ကျော်ကို ၁၅ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ရာမှ ဒိန်ချဉ်ကို ရေရှည်သောက်သုံးသူတွေဟာ သွေးတိုးရောဂါ မဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..