ရန်ကုန်မြို့တော်တိုးချဲ့ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြေဧက လေးသောင်းကို စက်တင်ဘာ ၁၄ ရက်တွင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအကြံပေးမြို့ပြဆောက်လုပ်ရေးပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်လက်မေးမြန်းရာ “အခုနေပြောရင် မြေဈေးတွေ
တက်သွားမှာစိုးလို့ နှစ်ပတ်လောက်နေမှ ရှင်းပြပါမယ်”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီကြီးများကမူ ရန်ကုန်မြို့ တစ်ဖက်ကမ်းဖြစ်သော ဒလနှင့်ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် တိုးချဲ့နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။
ယခု လျာထားသည့် မြေဧကလေးသောင်းမှာ နှစ် ၃၀ စီမံကိန်း ဖြစ်ကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း နှစ်ပတ်လည်ပွဲ၌ ပြောကြားခဲ့သည်။
“ကြားတာကတော့ များတယ်။ နောက်ဆုံးကြားတာတော့ လှိုင်သာယာလည်းပါတယ်။ မရမ်းကုန်း၊ ဒဂုံအရှေ့၊ ဒလနဲ့ ကွမ်းခြံကုန်းတို့လည်း ပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။ အဆိုပါ သတင်းများကြောင့် ယခုရက်ပိုင်းတွင် ထိုမြို့နယ်များရှိ မြေဈေးများမှာ မြင့်တက်လာကြောင်း ဦးသန်းဦးကဆိုသည်။
ရန်ကုန်မြို့ တစ်ဖက်ကမ်းတွင်ရှိသော သီလ၀ါရေနက်ဆိပ်ကမ်း၌ အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ဧကခြောက်ထောင် လျာထားပြီး ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ကနောင်သားလေးဇင်အောင်
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment