လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 22, 2012

သား၊ ငါး မွေးမြူရေးလုပ်ငန်းရှင်များ အခက်တွေ့နေ

သား၊ ငါး မွေးမြူရေးလုပ်ငန်းရှင်များ ကုန်ကျစရိတ် မြင့်တက်လာသော်လည်း ရောင်းဈေးနှုန်း တက်မလာသောကြောင့် ဆက်လက်မွေးမြူနိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ “ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းရှင်တွေဟာ မွေးမြူနိုင်တဲ့ အင်အားရှိပေမယ့် ကုန်ကျစရိတ်မြင့်နေပြီး ရောင်းဈေးနှုန်းက ကွာနေတဲ့အတွက် မွေးမြူရေးသမားတွေ တိုးတက်ပြီး
မလုပ်နိုင်တဲ့အနေအထား ဖြစ်နေတယ်”ဟု မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနှင်းဦးကပြောသည်။ ပုစွန်မွေးမြူထုတ်လုပ်သူများအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်ခြင်းနှင့် အပိုကုန်ကျစရိတ် များခြင်းဒဏ်ကြောင့် ဈေးကွက်တွင် တွက်ခြေမကိုက်ဖြစ်ကာ လုပ်ငန်းရှင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။ အလားတူ ပြည်တွင်းစားသုံးသူ ဈေးကွက်ကို အဓိကထားကာ ငါးတန်နှင့်ငါးမုတ် ဦးစားပေး မွေးမြူထားသည့် လုပ်ငန်းရှင်များလည်း အကျိုးအမြတ်မရသည့်အပြင် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောသည်။ “ပြည်ပမတင်ပို့နိုင်တဲ့ ပြည်တွင်းစားသုံးမှု အားကိုးနေရတဲ့ ငါးမွေးမြူရေးသမားတွေ အတွက်ကတော့ ရေကြီးရေလျှံလို့ သဘာဝက ငါးသေးလေးတွေ ပေါပေါများများ ထွက်လာတဲ့အတွက် ငါးတန်နဲ့ငါးမုတ် မွေးမြူထားသူတွေရဲ့ လက်ရှိအခြေအနေမှာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်”ဟု ၎င်းကပြောသည်။ “ကြက်မွေးမြူသူတွေအနေနဲ့က တွက်ခြေမကိုက်တော့ဘူး။ နှစ်လလောက် ရင်းနှီးပြီးတော့မှ အကျိုးအမြတ်လည်း မရှိဘူးဆိုရင် လုပ်ငန်းတစ်ခုအနေနဲ့ ကြက်ပေါက်ဈေး ကြီးနေတဲ့အတွက် မွေးမြူသူတွေအနေနဲ့ အများကြီး နစ်နာဆုံးရှုံးနေပါတယ်”ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းစိန်ကပြောသည်။ ထို့ကြောင့် ယခုကာလအတွင်း ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းဖြန့်ချိရန် နှစ်မျိုးလုံးအတွက် ရည်ရွယ်မွေးမြူသော လုပ်ငန်းရှင်တိုင်း အခက်အခဲ ကြုံတွေ့နေကြသည်။ ဈေးကွက်သေချာရေရာသော ပြည်ပရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာပြီး တိုင်းရင်းသား မွေးမြူရေးလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြမှသာ အသက်ရှူချောင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရေချိုငါး မွေးမြူတင်ပို့မှုတွင် အများဆုံးဖြစ်နေသော ငါးမြစ်ချင်း ငါးမွေးမြူထုတ်လုပ်သူများသည် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှစတင်၍ ၂၀၁၂ နှစ်လယ်ပိုင်းအထိ လုပ်ငန်းများ အရှုံးပေါ်ခဲ့သည်။ ထိုစဉ်က ဖော်ခဲ့သော ငါးများမှာ ထုတ်လုပ်မှုစရိတ် များခဲ့ပြီး ရောင်းသည့်အချိန်တွင် ဒေါ်လာနှင့် ပို့ကုန်ရငွေတန်ဖိုးကျပြီး ၀ယ်လိုအား လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင်လည်း နိုင်ငံခြားငွေဈေးမှာ သိသိသာသာ တက်မလာဘဲ လွန်ခဲ့သည့်ဇွန်လတွင် ဈေးပြုတ်ကျခဲ့ပြီး ဆုံးရှုံးမှု များခဲ့ခြင်းဖြစ်သည်။ ဒေါ်လာနှင့် ပို့ကုန်ရငွေ ပြန်တက်အလာကိုမျှော်၍ ဆက်လက်မွေးမြူထားသူများမှာ တွက်ကိန်းမှားပြီး စရိတ်သာ တက်လာခြင်းကြောင့် ပိုမိုရှုံးခဲ့သည်။ သို့သော် ငါးမြစ်ချင်း ပြည်ပသို့ ပုံမှန်ပြန်တင်ပို့လာနိုင်ပြီး ဈေးအနည်းငယ်တက်ခဲ့၍ ငါးမြစ်ချင်းမွေးမြူသူများ အရှုံးသက်သာလာပြီ ဖြစ်သည်။
ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..