ထိုင်းနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်းကို ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာယုသ် ချန်အိုချာက ယနေ့ညနေပိုင်းက ထိုင်းရုပ်သံများမှတစ်ဆင့်တိုင်းပြည်သို့ကြေညာလိုက်သည်။
ထိုင်းနိုင်ငံပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေးနှင့် လက်ရှိယာယီအစိုးရအနေဖြင့် ငြိမ်ဝပ်ပိပြားမှုကိုထိန်းသိမ်းနိုင်စေရေးအတွက် ယခုကဲ့သို့အာဏာသိမ်းလိုက်ရခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးများကိုမည်သို့မျှထိခိုက်

လိမ့်မည်မဟုတ်ကြောင်းကြေညာချက်တွင်ပါရှိသည်။
အစိုးရကိုဆန့်ကျင်လှုပ်ရှားနေကြသည့်အဖွဲ့အားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုမရရှိသည့်နောက်တွင် ယခုကဲသို့အာဏာသိမ်းခြင်းကြေညာချက်ပေါ်ပေါက်လာကြောင်းသိရသည်။
ref: Xinhua
Photo : AFP
Popular Myanmar News Journal

No comments:
Post a Comment