လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, May 11, 2014

လူသားစား ညီအစ်ကိုက ထောင်က ကျွေးသည့် အစားအစာများကို စားချင်ပုံမရ

Myanmar Online News's photo.
လူသားစားမိသွားရင် တခြား ဘာအသားမှမစားချင်တော့ဘူးဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။အုတ်ဂူပေါင်း ၁၀၀ခန့်ကိုဖောက်ကာ အလောင်းများကို ခိုးယူစားသောက်မှုကြောင့် ပါကစ္စတန်က ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ Mohammad Arif နဲ့ Farman Aliwere တို့ကို ၂၀၁၁ခုနှစ်တုန်းက ဖမ်းဆီးခဲ့ပါတယ်။
ပါကစ္စတန်မှာ လူသားစားခြင်းကို ဆန့်ကျင်တဲ့ ဥပဒေမရှိပါဘူး။ ဒါကြောင့် နှစ်နှစ်ထက် မပိုတဲ့ပြစ်ဒဏ်နဲ့ ငွေဒဏ်ပဲ ချလို့ရပါတယ်။The Express Tribune ရဲ့အဆိုအရ ၂၀၁၃မှာ ဒီညီအစ်ကိုနှစ်ယောက် ပြန်လွတ်လာတဲ့အခါ ဒေသခံနေထိုင်သူ တွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတယ် လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ ၁၄ရက်နေ့မှာ ရဲတွေဟာ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ အိမ်ကို ဝင်ရောက်စီးနင်းခဲ့တဲ့အခါ ကောင်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မပါတဲ့ ခေါင်းတစ်လုံးကို တွေ့ခဲ့ကြပါတယ်။

Bhakkar ခရိုင်ရဲ့ ရဲအရာရှိ Zafar Iqbal က “ကျွန်တော်တို့ ဒီမနက်ပဲ သတင်းရတယ်။ သူတို့ အရင်ပုံစံတွေ ပြန်လုပ်နေပြန်ပြီ” လို့ NBC သတင်းဌာနကို ဧပြီ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။
၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အတွင်း ကျခဲ့တဲ့ သူတို့ရဲ့ပြစ်ဒဏ်အများစုကို Lahore ပြည်နယ်က King Edward ဆေးတက္ကသိုလ်မှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး တက္ကသိုလ်က သူတို့ကိုလေ့လာမှုတွေ ပြုလုပ်ခဲ့တယ် လို့ဆိုပါတယ်။

ဒီညီအစ်ကိုနှစ်ယောက်ဟာ နောက်တစ်ကြိမ် ထောင်ကျပြီဖြစ်ပေမဲ့ ထောင်အစားအစာတွေ အကုန်လုံးကို ငြင်းနေပါတယ်။
“သူတို့နှစ်ယောက်စလုံးထဲက ဘယ်သူကမှ ကျွန်တော်တို့ ပေးတာတွေကို မစားချင်ဘူး” လို့ Bhakkar ရဲဌာနရဲ့ ရဲအရာရှိ Mukhtar Hussain က ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။
shwemyanmarmediagroup

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..