လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, April 20, 2014

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တစ်ဦးတည်းမူပိုင်ပြသခွင့် SKY NET ရရှိ

Photo: ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တစ်ဦးတည်းမူပိုင်ပြသခွင့် SKY NET ရရှိ
Saturday, April 19, 2014

ရန်ကုန်- ဇွန်လတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ စဉ်များ မြန်မာနိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်ကို SKY NET က တစ်ဦးတည်းမူပိုင်ရရှိထားပြီး ပွဲစဉ်အများစုကို ၎င်း၏ အခပေး ရုပ်သံလိုင်းများတွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ကမ္ဘာပေါ်တွင် နိုင်ငံအသင်း လိုက် ဘောလုံးပြိုင်ပွဲများတွင် အကြီးအကျယ်ဆုံးနှင့် ပရိသတ်အားပေးမှုအများဆုံး ကမ္ဘာ့ဖလားပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် ကျင်းပပြီး ၂၀၁၄ ဇွန်လ ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရုပ်သံ ထုတ်လွှင့်ပြသခွင့်ကို SKY NET က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံမှ တစ်ဦးတည်းမူပိုင်အဖြစ် ဝယ်ယူ ခဲ့ခြင်းဖြစ်သည်ဟု SKY NET မှ အထွေထွေမန်နေဂျာ ဒေါက်တာ သိန်းသန်းဦးက ပြောသည်။
‘‘ကျွန်တော်တို့ SKY NET က အခပေးလိုင်းတွေမှာလည်းပြမှာ ဖြစ်သလို ပွဲစဉ်အချို့ကို အခမဲ့ ရုပ်သံလိုင်း MNTV မှာလည်းပြပါ မယ်။ ဒါပေမဲ့ MNTV ကတော့ ပွဲစဉ်အားလုံးပြမှာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်ကနေ ရုပ်သံ ထုတ်လွှင့်ပြသခွင့်ရောင်းကတည်း က အခပေးနဲ့ အခမဲ့ခွဲခြားပြီး ရောင်းတာမဟုတ်ပါဘူး။ သူတို့ စာချုပ်ပါ စည်းကမ်းတွေအတိုင်း ကျွန်တော်တို့က အားလုံးဝယ်ခဲ့ တာပါ။ ဝယ်ယူခဲ့တဲ့နှုန်းထားကို တော့ ပြောလို့မရပါဘူး’’ဟု ၎င်း က ပြောသည်။
သို့သော် MNTV မှာ အခမဲ့ ရုပ်သံလိုင်းဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိသေးဘဲ အနည်းဆုံးဒစ်ဂျစ်တယ်ဆက်တော့ပ်ဘောက်တစ်ခု ရှိမှသာ ဖမ်းယူကြည့်ရှုနိုင်ရာ SKY NET ရုပ်သံဖမ်းစက်နှင့် MNTV လိုင်းပါသည့် ကျပ် ၃,၆၀၀ တန် လိုင်း ၂၀ ပါ ဈေးအနည်းဆုံး package ကို မဖြစ်မနေဝယ်ယူ ကြည့်ရှုရမည်ဖြစ်သည်။

SKY NET စက်မှာ ကျပ်ငါး သောင်းခွဲဖြစ်ပြီး ကနဦးတပ်ဆင် ပါက ရုပ်သံလိုင်းများဝယ်ယူခြင်း၊ SKY NET စလောင်းတပ်ဆင်ရခြင်းစသည့် ကုန်ကျစရိတ် စုစုပေါင်း တစ်သိန်းဝန်းကျင်ရှိသည်။
SKY NET သည် လက်ရှိတွင်ကမ္ဘာပေါ်၌ ပရိသတ်အားအပေး ဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲ၊ ချန်ပီယံလိဂ်ဘောလုံး ပွဲတို့ကိုလည်း တစ်ဦးတည်းမူပိုင် ပြသခွင့်ရထားခြင်းကြောင့် ဘော လုံးဝါသနာအိုးများက ဝေဖန်နေ ကြသည်။
‘‘ဒီလို ကမ္ဘာ့ဖလားလို ပွဲမျိုးတွေဆိုရင် လူတိုင်းကြည့်ချင် တာပေါ့။ အရင်တစ်ခေါက်က လည်း အခမဲ့ရုပ်သံလိုင်းတွေမှာ လွှင့်ခဲ့တာပဲ။ SKY NET ကလည်း တပ်ဖို့ဈေးကြီးတယ်။ ယောက်ျား လေးတွေကတော့ လက်ဖက်ရည် ဆိုင်၊ ဘီယာဆိုင်တွေမှာသွား ကြည့်လို့ရတယ်။ မိန်းကလေး တွေကျတော့ ဘယ်အဆင်ပြေပါ့ မလဲ။ အခမဲ့ရုပ်သံလိုင်းတွေက လွှင့်ရင်တော့ ကောင်းတာပေါ့’’ ဟု အသက်(၂၆)နှစ်အရွယ် ဒေါက်တာဆွေသူက ပြောသည်။

အခမဲ့ရုပ်သံလိုင်းများကပြ လျှင် ကြည့်မည်ဖြစ်ပြီး ဘောလုံး ပွဲကြည့်ရန်အတွက်နှင့် SKY NET ကို ဝယ်ယူတပ်ဆင်မည်မဟုတ် ကြောင်း အသက်(၂၆)နှစ်အရွယ် အင်ဂျင်နီယာ မဂျူးဂျူးက ပြော သည်။
ကမ္ဘာ့ဖလားဘောလုံးပွဲများ ကို မြန်မာနိုင်ငံက အစဉ်အဆက် အခမဲ့ရုပ်သံလိုင်းများက ထုတ် လွှင့်ပြသခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၊ မြဝတီနှင့် MRTV-4 စသည့် အခမဲ့ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်ခဲ့သည်။ အခြားအိမ် နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှားတို့တွင် အခပေးရုပ် သံလိုင်းများတွင် ထုတ်လွှင့်သလို အခမဲ့ရုပ်သံလိုင်းများ၊ အစိုးရပိုင် ရုပ်သံလိုင်းများကလည်း မတူ သည့်ပွဲစဉ်များကို ထုတ်လွှင့်ပြသ လေ့ရှိသည်။
သို့သော် ယခုနှစ်တွင် SKY NET ရုပ်သံဖမ်းစက်ရှိမှသာ ကြည့် ရှုနိုင်မည်ဖြစ်ပြီး SKY NET ကတစ် ဦးတည်းမူပိုင်ဝယ်ထားသည့်အ တွက် နှစ်ပေစလောင်း၊ ရှစ်ပေ စလောင်းများတွင်ပါလေ့ရှိသည့် ESPN အားကစားလိုင်းများမှ လည်း ဘောလုံးပွဲများကို ထုတ် လွှင့်တော့မည်မဟုတ်ချေ။
‘‘SKY NETက ဝယ်ထားတယ်ဆိုရင်တော့ ပြလို့မရဘူး။ကမ္ဘာ့ဖလားပြသခွင့်စာချုပ်ကစည်းကမ်းတွေအမျိုးမျိုးရှိတယ်။ သေချာတော့ မပြောတတ်သေးပါဘူး’’ဟုအခမဲ့ပုဂ္ဂလိကရုပ်သံလိုင်း MRTV-4 မှ ဦးမျိုးမြတ်သူကပြောသည်။
ကမ္ဘာ့ဖလား ဘောလုံးပွဲ ထုတ်လွှင့်ပြသခွင့်စာချုပ်ပါစည်း ကမ်းအရ အခမဲ့ရုပ်သံလိုင်းအချို့ တွင်ပြသရန်အချက်ပါဝင်သော် လည်း SKY NET က ၎င်းတို့ပိုင် MNTV တွင်သာ အခမဲ့အဖြစ် ပွဲစဉ်တချို့ထည့်သွင်းပြသမည် ဖြစ်ပြီး အခြားအခမဲ့ရုပ်သံလိုင်းများနှင့် ပြန်လည်မျှဝေပြသရန်မှာလည်း လောလောဆယ်အစီအစဉ်မရှိကြောင်း ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

‘‘အရင်က တရားမဝင်ပြနေ ကြတာ။ အခုဟာက တရားဝင် ပိုက်ဆံနဲ့ပေးဝယ်ပြီးပြတာ။ လစဉ်ကြေးမများတော့ ကြည့်ပျော်ပါတယ်။ ဘောလုံးပွဲကြိုက်တဲ့သူတစ်ယောက်အတွက်တော့ မဆိုးပါဘူး။ SKY NET ကလွှင့်တဲ့ဟာအားလုံးကိုမဝယ်ဘဲ ကိုယ်ကြိုက်တဲ့လိုင်းလေးတွေကို ရွေးပြီးဝယ်လို့ရရင်ကောင်းမယ်။ အဲဒါဆိုရင် ပိုလည်းဈေးသက်သာမယ်။ အခုဟာကကြည့်ချင်၊ မကြည့်ချင် သူ့ Package အလိုက်အားလုံးဝယ်ထားရတာ’’ ဟု မင်္ဂလာတောင်ညွန့်ရှိ သင်တန်းကျောင်းတစ်ခုမှ ဝန်ထမ်း ကိုထူးအောင်က ပြောသည်။
‘‘ကမ္ဘာ့ဖလား အမီတော့ MNTV ကို ရိုးရိုးအင်တင်နာနဲ့ဖမ်း လို့ရအောင်လုပ်ပေးနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖမ်း မရရင်လည်း SKY NET စက်လေး ဝယ်ပြီး MNTV ပါတဲ့ ၃,၆၀၀ တန် Package ကို ကမ္ဘာ့ဖလားတစ်လ ဝယ်ကြည့်လိုက်ပါ’’ဟု ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

SKY NET ရုပ်သံသည် အစိုး ရပိုင်စက်ပစ္စည်းများနှင့် အခြေခံ အဆောက်အအုံများကို သုံးစွဲခွင့် ရထားပြီး ရုပ်သံလိုင်းအပါအဝင် အက်ဖ်အမ်ရေဒီယိုလိုင်းများတွင် လည်း ဈေးကွက်ဝေစုကို လက်ဝါး ကြီးအုပ်ထားသည်ဟု ဝေဖန်ခံနေ ရပြီး မြန်မာပြည်သူများ အသည်း စွဲ အင်္ဂလန်ပရီးမီးယားလိဂ်ဘော လုံးပွဲများ တစ်ဦးတည်းမူပိုင်ထုတ် လွှင့်ခွင့်ရခဲ့စဉ်ကလည်း ဘောလုံး ပရိသတ်များ၏ ဝေဖန်မှုကိုရရှိခဲ့ သည်။ ယခုတစ်ဖန် ကမ္ဘာ့ဖလား ဘောလုံးပွဲကိုပါ ၎င်းတစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ကိုရရှိခဲ့ခြင်း ဖြစ်ကြောင်း SKY NET ကို ဝေဖန် မှုများထွက်ပေါ်လာခဲ့သည်။
‘‘ဈေးကွက်စီးပွားရေးအရ အပြိုင်လုပ်ကြမှာပဲ။ ဒါပေမဲ့ ပရိ သတ်ကိုလည်းကြည့်သင့်တယ်။ ကိုယ့်ပရိသတ်က ဒီလောက် ပမာဏကိုသုံးနိုင်တဲ့အခြေအနေ ရှိရဲ့လားဆိုတာ။ မတန်တဆတော့ မလုပ်သင့်ဘူး’’ဟု ဘောလုံးဝါ သနာရှင်တစ်ဦးက ပြောသည်။
မန္တလေးမြို့ မဟာအောင် မြေမြို့နယ်မှ ဘောလုံးဝါသနာရှင် ကိုစည်သူကျော်ကလည်း အခ ပေး ရုပ်သံလိုင်းဖြစ်သော SKY NET တစ်ခုတည်းက ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များထုတ်လွှင့်ပြ သခွင့်ရရှိ ခဲ့ခြင်းကြောင့် အဆိုပါ စလောင်း တပ်ဆင်မထားနိုင် သော ဘောလုံးဝါသနာရှင်များ အတွက် အခက်အခဲ ဖြစ်စေကြောင်း ပြောကြားသည်။

ဓာတ်ပုံ : fifawallpapers.com
7Day News Journal
ရန်ကုန်- ဇွန်လတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ စဉ်များ မြန်မာနိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်ကို SKY NET က တစ်ဦးတည်းမူပိုင်ရရှိထားပြီး ပွဲစဉ်အများစုကို ၎င်း၏ အခပေး ရုပ်သံလိုင်းများတွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ကမ္ဘာပေါ်တွင် နိုင်ငံအသင်း လိုက် ဘောလုံးပြိုင်ပွဲများတွင် အကြီးအကျယ်ဆုံးနှင့် ပရိသတ်အားပေးမှုအများဆုံး ကမ္ဘာ့ဖလားပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် ကျင်းပပြီး ၂၀၁၄ ဇွန်လ ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရုပ်သံ ထုတ်လွှင့်ပြသခွင့်ကို SKY NET က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံမှ တစ်ဦးတည်းမူပိုင်အဖြစ် ဝယ်ယူ ခဲ့ခြင်းဖြစ်သည်ဟု SKY NET မှ အထွေထွေမန်နေဂျာ ဒေါက်တာ သိန်းသန်းဦးက ပြောသည်။
‘‘ကျွန်တော်တို့ SKY NET က အခပေးလိုင်းတွေမှာလည်းပြမှာ ဖြစ်သလို ပွဲစဉ်အချို့ကို အခမဲ့ ရုပ်သံလိုင်း MNTV မှာလည်းပြပါ မယ်။ ဒါပေမဲ့ MNTV ကတော့ ပွဲစဉ်အားလုံးပြမှာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်ကနေ ရုပ်သံ ထုတ်လွှင့်ပြသခွင့်ရောင်းကတည်း က အခပေးနဲ့ အခမဲ့ခွဲခြားပြီး ရောင်းတာမဟုတ်ပါဘူး။ သူတို့ စာချုပ်ပါ စည်းကမ်းတွေအတိုင်း ကျွန်တော်တို့က အားလုံးဝယ်ခဲ့ တာပါ။ ဝယ်ယူခဲ့တဲ့နှုန်းထားကို တော့ ပြောလို့မရပါဘူး’’ဟု ၎င်း က ပြောသည်။
သို့သော် MNTV မှာ အခမဲ့ ရုပ်သံလိုင်းဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိသေးဘဲ အနည်းဆုံးဒစ်ဂျစ်တယ်ဆက်တော့ပ်ဘောက်တစ်ခု ရှိမှသာ ဖမ်းယူကြည့်ရှုနိုင်ရာ SKY NET ရုပ်သံဖမ်းစက်နှင့် MNTV လိုင်းပါသည့် ကျပ် ၃,၆၀၀ တန် လိုင်း ၂၀ ပါ ဈေးအနည်းဆုံး package ကို မဖြစ်မနေဝယ်ယူ ကြည့်ရှုရမည်ဖြစ်သည်။

SKY NET စက်မှာ ကျပ်ငါး သောင်းခွဲဖြစ်ပြီး ကနဦးတပ်ဆင် ပါက ရုပ်သံလိုင်းများဝယ်ယူခြင်း၊ SKY NET စလောင်းတပ်ဆင်ရခြင်းစသည့် ကုန်ကျစရိတ် စုစုပေါင်း တစ်သိန်းဝန်းကျင်ရှိသည်။
SKY NET သည် လက်ရှိတွင်ကမ္ဘာပေါ်၌ ပရိသတ်အားအပေး ဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲ၊ ချန်ပီယံလိဂ်ဘောလုံး ပွဲတို့ကိုလည်း တစ်ဦးတည်းမူပိုင် ပြသခွင့်ရထားခြင်းကြောင့် ဘော လုံးဝါသနာအိုးများက ဝေဖန်နေ ကြသည်။
‘‘ဒီလို ကမ္ဘာ့ဖလားလို ပွဲမျိုးတွေဆိုရင် လူတိုင်းကြည့်ချင် တာပေါ့။ အရင်တစ်ခေါက်က လည်း အခမဲ့ရုပ်သံလိုင်းတွေမှာ လွှင့်ခဲ့တာပဲ။ SKY NET ကလည်း တပ်ဖို့ဈေးကြီးတယ်။ ယောက်ျား လေးတွေကတော့ လက်ဖက်ရည် ဆိုင်၊ ဘီယာဆိုင်တွေမှာသွား ကြည့်လို့ရတယ်။ မိန်းကလေး တွေကျတော့ ဘယ်အဆင်ပြေပါ့ မလဲ။ အခမဲ့ရုပ်သံလိုင်းတွေက လွှင့်ရင်တော့ ကောင်းတာပေါ့’’ ဟု အသက်(၂၆)နှစ်အရွယ် ဒေါက်တာဆွေသူက ပြောသည်။

အခမဲ့ရုပ်သံလိုင်းများကပြ လျှင် ကြည့်မည်ဖြစ်ပြီး ဘောလုံး ပွဲကြည့်ရန်အတွက်နှင့် SKY NET ကို ဝယ်ယူတပ်ဆင်မည်မဟုတ် ကြောင်း အသက်(၂၆)နှစ်အရွယ် အင်ဂျင်နီယာ မဂျူးဂျူးက ပြော သည်။
ကမ္ဘာ့ဖလားဘောလုံးပွဲများ ကို မြန်မာနိုင်ငံက အစဉ်အဆက် အခမဲ့ရုပ်သံလိုင်းများက ထုတ် လွှင့်ပြသခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၊ မြဝတီနှင့် MRTV-4 စသည့် အခမဲ့ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်ခဲ့သည်။ အခြားအိမ် နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှားတို့တွင် အခပေးရုပ် သံလိုင်းများတွင် ထုတ်လွှင့်သလို အခမဲ့ရုပ်သံလိုင်းများ၊ အစိုးရပိုင် ရုပ်သံလိုင်းများကလည်း မတူ သည့်ပွဲစဉ်များကို ထုတ်လွှင့်ပြသ လေ့ရှိသည်။
သို့သော် ယခုနှစ်တွင် SKY NET ရုပ်သံဖမ်းစက်ရှိမှသာ ကြည့် ရှုနိုင်မည်ဖြစ်ပြီး SKY NET ကတစ် ဦးတည်းမူပိုင်ဝယ်ထားသည့်အ တွက် နှစ်ပေစလောင်း၊ ရှစ်ပေ စလောင်းများတွင်ပါလေ့ရှိသည့် ESPN အားကစားလိုင်းများမှ လည်း ဘောလုံးပွဲများကို ထုတ် လွှင့်တော့မည်မဟုတ်ချေ။
‘‘SKY NETက ဝယ်ထားတယ်ဆိုရင်တော့ ပြလို့မရဘူး။ကမ္ဘာ့ဖလားပြသခွင့်စာချုပ်ကစည်းကမ်းတွေအမျိုးမျိုးရှိတယ်။
 သေချာတော့ မပြောတတ်သေးပါဘူး’’ဟုအခမဲ့ပုဂ္ဂလိကရုပ်သံလိုင်း MRTV-4 မှ ဦးမျိုးမြတ်သူကပြောသည်။
ကမ္ဘာ့ဖလား ဘောလုံးပွဲ ထုတ်လွှင့်ပြသခွင့်စာချုပ်ပါစည်း ကမ်းအရ အခမဲ့ရုပ်သံလိုင်းအချို့ တွင်ပြသရန်အချက်ပါဝင်သော် လည်း SKY NET က ၎င်းတို့ပိုင် MNTV တွင်သာ အခမဲ့အဖြစ် ပွဲစဉ်တချို့ထည့်သွင်းပြသမည် ဖြစ်ပြီး အခြားအခမဲ့ရုပ်သံလိုင်းများနှင့် ပြန်လည်မျှဝေပြသရန်မှာလည်း လောလောဆယ်အစီအစဉ်မရှိကြောင်း
 ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

‘‘အရင်က တရားမဝင်ပြနေ ကြတာ။ အခုဟာက တရားဝင် ပိုက်ဆံနဲ့ပေးဝယ်ပြီးပြတာ။ လစဉ်ကြေးမများတော့ ကြည့်ပျော်ပါတယ်။ ဘောလုံးပွဲကြိုက်တဲ့သူတစ်ယောက်အတွက်တော့ မဆိုးပါဘူး။ SKY NET ကလွှင့်တဲ့ဟာအားလုံးကိုမဝယ်ဘဲ ကိုယ်ကြိုက်တဲ့လိုင်းလေးတွေကို ရွေးပြီးဝယ်လို့ရရင်ကောင်းမယ်။ အဲဒါဆိုရင် ပိုလည်းဈေးသက်သာမယ်။ အခုဟာကကြည့်ချင်၊ မကြည့်ချင် သူ့ Package အလိုက်အားလုံးဝယ်ထားရတာ’’ ဟု မင်္ဂလာတောင်ညွန့်ရှိ သင်တန်းကျောင်းတစ်ခုမှ ဝန်ထမ်း ကိုထူးအောင်က ပြောသည်။
‘‘ကမ္ဘာ့ဖလား အမီတော့ MNTV ကို ရိုးရိုးအင်တင်နာနဲ့ဖမ်း လို့ရအောင်လုပ်ပေးနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖမ်း မရရင်လည်း SKY NET စက်လေး ဝယ်ပြီး MNTV ပါတဲ့ ၃,၆၀၀ တန် Package ကို ကမ္ဘာ့ဖလားတစ်လ ဝယ်ကြည့်လိုက်ပါ’’ဟု ဒေါက်တာ သိန်းသန်းဦးက ပြောသည်။

SKY NET ရုပ်သံသည် အစိုး ရပိုင်စက်ပစ္စည်းများနှင့် အခြေခံ အဆောက်အအုံများကို သုံးစွဲခွင့် ရထားပြီး ရုပ်သံလိုင်းအပါအဝင် အက်ဖ်အမ်ရေဒီယိုလိုင်းများတွင် လည်း ဈေးကွက်ဝေစုကို လက်ဝါး ကြီးအုပ်ထားသည်ဟု ဝေဖန်ခံနေ ရပြီး မြန်မာပြည်သူများ အသည်း စွဲ အင်္ဂလန်ပရီးမီးယားလိဂ်ဘော လုံးပွဲများ တစ်ဦးတည်းမူပိုင်ထုတ် လွှင့်ခွင့်ရခဲ့စဉ်ကလည်း ဘောလုံး ပရိသတ်များ၏ ဝေဖန်မှုကိုရရှိခဲ့ သည်။ ယခုတစ်ဖန် ကမ္ဘာ့ဖလား ဘောလုံးပွဲကိုပါ ၎င်းတစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ကိုရရှိခဲ့ခြင်း ဖြစ်ကြောင်း SKY NET ကို ဝေဖန် မှုများထွက်ပေါ်လာခဲ့သည်။
‘‘ဈေးကွက်စီးပွားရေးအရ အပြိုင်လုပ်ကြမှာပဲ။ ဒါပေမဲ့ ပရိ သတ်ကိုလည်းကြည့်သင့်တယ်။ ကိုယ့်ပရိသတ်က ဒီလောက် ပမာဏကိုသုံးနိုင်တဲ့အခြေအနေ ရှိရဲ့လားဆိုတာ။ မတန်တဆတော့ မလုပ်သင့်ဘူး’’ဟု ဘောလုံးဝါ သနာရှင်တစ်ဦးက ပြောသည်။
မန္တလေးမြို့ မဟာအောင် မြေမြို့နယ်မှ ဘောလုံးဝါသနာရှင် ကိုစည်သူကျော်ကလည်း အခ ပေး ရုပ်သံလိုင်းဖြစ်သော SKY NET တစ်ခုတည်းက ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များထုတ်လွှင့်ပြ သခွင့်ရရှိ ခဲ့ခြင်းကြောင့် အဆိုပါ စလောင်း တပ်ဆင်မထားနိုင် သော ဘောလုံးဝါသနာရှင်များ အတွက် အခက်အခဲ ဖြစ်စေကြောင်း ပြောကြားသည်။

ဓာတ်ပုံ : fifawallpapers.com
7Day News Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..