လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, April 18, 2014

ဆေးလိပ်မသောက်ရန်တားမြစ်သည့် ဓါတ်ငွေ့ဆိုင်ဝန်ထမ်းအား ဆဲဆိုထိုးကြိတ်သူကို အရေးယူ ပေးရန်တိုင်တန်း

Photo: ဆေးလိပ်မသောက်ရန်တားမြစ်သည့် ဓါတ်ငွေ့ဆိုင်ဝန်ထမ်းအား ဆဲဆိုထိုးကြိတ်သူကို အရေးယူ ပေးရန်တိုင်တန်း

ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊သုဓမ္မာလမ်းနှင့် ဝေဘာဂီလမ်းဆုံရှိ စွမ်းအင်ဝန်ကြီးဌာနပိုင် အမှတ်(၀၀၁)သဘာဝဓါတ်ငွေ့အရောင်းဆိုင်ဒုတာဝန်ခံ ဦးသန်းထွန်းအောင်၊ (ဘ)ဦးလှသန်းမှ ၎င်းသည် ဓါတ်ငွေ့ဆိုင်၌ တာဝန်ဆောင်ရွက်နေစဉ် ဆိုင်သို့ လာရောက်ဓါတ်ငွေ့ဖြည့်သွင်းသော ယာဉ်အမှတ် ၈ခ/---- ဆူဇူကီးပစ်ကပ် အမျိုးအစား ယာဉ်ပေါ်တွင်ပါလာသူ စံမြတ်လင်း၊ (၂၉)နှစ်၊ (ဘ)ဦးဘမောင်၊ A-1 လမ်း၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူမှ ကားအောက်သို့ဆင်း၍ ဆေးလိပ်သောက်ရန်မီးခြစ်သဖြင့် ဓါတ်ငွေ့ဆိုင်မှ ပန့်ကိုင်ဝန်ထမ်းဖြစ်သူ စိုးနိုင်ဦးမှ ဆေးလိပ်မသောက်ရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုသည်ကို စံမြတ်လင်းမှ စိုးနိုင်ဦးအား ဆဲဆိုကာ လက်သီးနှင့် ထိုးသဖြင့် ၀ဲမျက်ခုံးအောက်နာကျင်၊ ယာနား အောက်ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ စိုးနိုင်ဦးအား မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရကြောင်းနှင့် စံမြတ်လင်းကို အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ စံမြတ်လင်းအား မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီနယ်မြေရဲစခန်း(ပ) ၁၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၂ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..