လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 22, 2014

မန္တလးမှာ မိုးခေါင်လို့ လွန်ဆွဲပွဲ ကျင်းပ

Myanmar Online News's photo.

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အပူချိန်များပြီး မိုးမရွာတဲ့အတွက်
မိုးခေါ်လွန်ဆွဲပွဲကို မန္တလေးမြို့ ကမ်းနားလမ်း မရမ်းခြံဆိပ်ကမ်း
တာရိုးပေါ်မှာ ဧပြီ ၂၁ရက် ဒီနေ့ ညနေ ၄ နာရီက ပြုလုပ်သွားပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး တစ်ဖက်စီဆွဲကြတာဖြစ်ပြီး ဒီနေ့ ၄ ပွဲမှာ တစ်ဖက်
၂ ပွဲစီ သရေကျခဲ့ပါ တယ်။ လွန်ဆွဲသူက တစ်ဖက်ကို လူနှစ်ရာလောက်စီ ရှိပြီး
လူ တစ်ထောင်လောက်လာကြတယ်လို့ လာအားပေးသူ တစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက နယ်တွေမှာ မိုးခေါင်တဲ့နှစ်တွေဆိုရင်
လွန်ဆွဲပြီးမိုးခေါ်ကြတာဟာ ရိုးရာ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာတော့
မန္တလေးမှာ မိုးမရွာသေးပဲ အပူချိန်ကလည်း တအားများတယ် လို့ ဒေသခံ
ကိုဇင်မောင်မောင်က ပြောပါတယ်။ လွန်ဆွဲပွဲတွေ ကို မနက်ဖြန် နဲ့ သန်ဘက်ခါမှာလည်းဆက်လက်ကျင်းပဖို့ရှိနေပါတယ်။

သတင်း - ပိုင်စိုး
ဓာတ်ပုံ-ဇင်မောင်မောင်

DVB TV News
 

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..