လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, April 25, 2014

ဘေလုံးလောကမှာ အလုပ်အများဆုံး ချယ်လ်ဆီးအသင်း ဒေါက်တာမလေး အီဗာကာနီရို အကြောင်း တစ်စေ့တစောင်း

Photo: ဘေလုံးလောကမှာ အလုပ်အများဆုံး ချယ်လ်ဆီးအသင်း ဒေါက်တာမလေး အီဗာကာနီရို အကြောင်း တစ်စေ့တစောင်း

ချယ်လ်ဆီးအသင်းရဲ့ပွဲစဉ်တွေမှာ ကစားသမားတွေဒဏ်ရာရသွားရင် သွက်သွက်လက်လက်နဲ့ ဂရုတစိုက် ကုသပေးတတ်တဲ့ ချယ်လ်ဆီးဆေးအဖွဲ့က အမျိုးသမီးကို ဘောလုံးပရိသတ်တွေသိကြမှာပါ။ သူကတော့ ဒေါက်တာ အီဗာကာနီရိုဖြစ်ပါတယ်။ သူ့အကြောင်းအနည်းငယ်ကို ဒေးလီးမေးလ်သတင်းစာက မိတ်ဆက်ဖော် ပြပေးထားပါတယ်။

အက်သလက်တီကိုနဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ပီတာချက်ကိုကူညီဖို့ရောက်လာတဲ့အမျိုးသမီးဆိုတာ…

ချယ်လ်ဆီးအသင်းဆရာဝန် အီဗာကာနီရိုဖြစ်ပါတယ်။ စပိန်လူမျိုးဖခင်နဲ့ အင်္ဂလိပ်လူမျိုးမိခင်တို့မှ ဂျီဘရော်လ် တာမှာဖွေးဖွားခဲ့ပြီး အရေးပေါ် ခွဲစိတ်ကုအဖြစ် မလုပ်ကိုင်မီ နော်တင်ဟမ်တက္ကသိုလ်မှာ ဆေးပညာ သင်ကြား ခဲ့ပါတယ်။ သူဟာ သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး လန်ဒန်မှာ မဟာသိပ္ပံဘွဲ့ရခဲ့ကာ ၀က်စ်ဟမ်းမှာ စာတမ်းပြုစုခဲ့သူဖြစ်ပါတယ်။

ချယ်လ်ဆီးကိုဘယ်အချိန်ကရောက်လာခဲ့တာလဲ။

ဗြိတိန်အိုလံပစ်ဆေးပညာတက္ကသိုလ်မှာ အလုပ်လုပ်ခဲ့ပြီးနောက် ဘေဂျင်းအိုလံပစ်မှာ ကစားသမားတွေကို ကူညီပေးခဲ့ပြီး အင်္ဂလန်အမျိုးသမီးအသင်းမှာလည်း အလုပ်လုပ်ခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ချယ်လ်ဆီးအရန် အသင်းဆရာဝန်ဖြစ်လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဘိုအာ့စ်က စီနီယာအသင်းထံခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘောလုံးလောကထဲသူဘယ်လိုရောက်လာခဲ့သလဲ။

ကာနီရိုဟာ မက္ကဆီကိုကိုခရီးသွားနေစဉ်မှာ ဘောလုံးပွဲတွေကို ကြိုက်နှစ်သက်လာခဲ့တာပါ။ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားပွဲစဉ် မက္ကဆီကိုနဲ့ ဘရာဇီးပွဲကိုကြည့်ပြီး ကြိုက်သွားခဲ့တယ်။  ကြီးလာတဲ့အခါ အားကစားကို သဘောကျခဲ့ပေမယ့် ဒဏ်ရာများစွာနဲ့ရုန်းကန်ခဲ့ရတယ်။ “ ဒဏ်ရာတွေကြောင့်ပဲ အားကစားဆေးပညာလိုင်းကို ပြောင်းလဲစိတ်ဝင်စားလာခဲ့တာ” လို့ သူက ၂၀၀၉ တုန်းကပြောခဲ့ဖူးတယ်။ သူအားပေးတဲ့ အသင်းရှိလား။ ရီးယဲလ်မက်ဒရစ်။ ဒါက ချယ်လ်ဆီးနဲ့ ရီးယဲလ်တို့ ချန်ပီယံလိဂ်မှာတွေ့ဖြစ်ခဲ့ရင် အခက်ကြုံလာနိုင်ပါတယ်။

သူ့အကြောင်းဘာထပ်သိဖို့လိုသေးလဲ။ ဆယ်ကျော်သက်အရွယ်တုန်းက ဘဲလေးအက၊ မြင်းစီးခြင်းအပြင် ခရီးတွေသွားရတာကို သဘောကျခဲ့တယ်။ ကမ်းခြေကိုရိုက်ခတ်လာတဲ့လှိုင်းတွေကိုလည်း နှစ်သက်တယ်။

သြစတြေးလျမှာရှိတုန်းကအကြောင်းနဲ့ပတ် သက်ပြီး သူက “ နံနက်ခင်းနဲ့ ညနေခင်းမှာ ကမ်းခြေကိုရိုက်ခတ်လာတဲ့လှိုင်းတွေကို မြင်ရတာက ကျွန်မဘ၀မှာ အပျော်ဆုံးအခိုက်အတန့်တွေပဲဖြစ်ပါတယ်” လို့ဆိုခဲ့ပါတယ်။

ရည်ညွှန်း - ဒေးလီးမေးလ်
Mizzima

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..