လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 22, 2014

ဂင်းနစ် စံချိန်တင် ကမ္ဘာ့ အကြီးဆုံး ယုန်

Photo: ဂင်းနစ် စံချိန်တင် ကမ္ဘာ့ အကြီးဆုံး ယုန်
Monday, April 21, 2014

ပုံမှာ မြင်တွေ့ နေရတာ ကတော့ ကမ္ဘာ့ အကြီးဆုံး ယုန် အဖြစ် ဂင်းနစ် စံချိန် တင်ထားတဲ့ Darius လို့ အမည်ရသော ယုန်လေး ဖြစ်ပါတယ်။

၎ ပေ ၄ လက် အရှည်ရှိပြီး ပေါင်ချိန်က ၃ စတုန်ခွဲ ရှိပါတယ်။ တစ်လကို မုန်လာဥနီ အခု ၃၆၀၊ ပန်းသီး အလုံး ၃၀ နဲ့ ဂေါ်ဖီထုပ် ၁၅ လုံး စား ပါတယ်။ သူ့ကို မွေးတဲ့ မိခင် ကလည်း အရွယ်ကြီးပြီး တစ်မျိုးလုံး အကောင်ကြီး ယုန် များ ဖြစ်ပါတယ်။ ယခု Darius ယုန်ကတော့ အကြီးဆုံး ဖြစ်ပြီး ဂင်းနစ် စံချိန် တင်သွား ပါတယ်။ ဗြိတိန်နိုင်ငံက အသက် ၆၂ နှစ်အရွယ် Annette Edwards ပိုင်ဆိုင်တဲ့ ယုန် ဖြစ်ပြီး ၆ နှစ် သမီးငယ်လေးနဲ့ ယခုလို ဓာတ်ပုံ တွဲရိုက် ထားပါတယ်။ တစ်နှစ်လုံးမှာ ယင်း ယုန် အတွက် အစားအသောက် ကုန်ကျစရိတ်က ဗြိတိန်ပေါင် ၂၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ယုန်ဆိုပေမယ့် ယုန်တွေလို မပြေးတော့ပဲ လူသားတွေနဲ့ အင်မတန် ရင်းနှီးပြီး တီဗီ အတူကြည့်ခြင်း၊ အတူ ဆော့ကစားခြင်း၊ လူတို့နှင့် အတူ နေထိုင် ခြင်းတို့ကို အိမ်မွေးခွေးတို့နဲ့ မခြား ပြုမူ နေထိုင်ကြောင်း သိရ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..