လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 19, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အား သွားရောက်ကြည့်ရှု၊ ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုအောင်မြင်

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် သတင်းစာဆရာကြီး ဦးဝင်းတင်အား သွားရောက်ကြည့်ရှု၊ ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုအောင်မြင်
Saturday, April 19, 2014

အူ၊ အဆုတ်၊ နှလုံးနှင့် ကျောက်ကပ်ရောဂါများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုကို ဧပြီ ၁၈ ရက်ည ၇ နာရီခွဲက စတင်ဆောင်ရွက်ခဲ့ရာ ည ၉ နာရီတွင် ကျောက်ကပ်ဆေးကြောကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကျောက်ကပ်ဆေးကြော ကုသမှုကို ဆောင်ရွက်ပေးခဲ့သူ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဌေးက "ကျန်းမာရေး အခြေအနေကဆိုးတယ်။ ကျောက်ကပ်ဆေးတာတော့ အောင်မြင်တယ်။ တစ်ရက်ခြား၊ နှစ်ရက်ခြား ဒါမှမဟုတ်ရင် နောက်နေ့ စသည်ဖြင့် ကျောက်ကပ် မကောင်းမချင်း လုပ်ရမှာပေါ့။ ကျောက်ကပ်ရောဂါကတော့ ခဏဆိုင်းသွားတာပေါ့" ဟု ကျောက်ကပ် ဆေးကြောကုသမှု အပြီးတွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက "ကျောက်ကပ်ဆေးတာ ၇ နာရီက စဆေးပြီး ၉ နာရီမှာပြီးတယ်။ ဆရာဝန်တွေက ပြောတာကတော့ ဒီကုသမှု မျှော်မှန်းထားတာထက် အောင်မြင်တယ်။ မနက်ဖြန်မှာ ဒီ Result တွေကိုထပ်စစ်ဆေး၊ မွန်းလွဲ ၁ နာရီမှာ အစည်းအဝေးထိုင်ပြီး ဆက်လုပ်ရမှာတွေကို ဆုံးဖြတ်ကြမှာပါ" ဟု ဧပြီ ၁၈ ရက် ည ၁၀ နာရီခန့်တွင် ပြောကြားသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျောက်ကပ်ဆေးကြော ကုသမှုမပြုမီ ဧပြီ ၁၈ ရက် ညနေ ၅ နာရီမှ ည ၆ နာရီအထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ်အဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ခဲ့သည်။ ထို့ပြင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း ဦးဝင်းတင်အား သွားရောက်တွေ့ဆုံခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ဒုတိယအကြိမ် ထပ်မံလာရောက် အားပေးတဲ့အခါမှာ ဆရာကြီးက ၀မ်းသာပြီး စကားတွေပြောတယ်။ အရမ်းလည်း ရွှင်လန်းလာတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့တွေ့ဆုံရန် သွားရောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ ဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။
မူလက ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေအရ ကျောက်ကပ်ဆေးကြောရန် လိုအပ်ကြောင်း၊ ကျောက်ကပ်ဆေးကြော စဉ်တွင်လည်း ကျန်းမာရေးကောင်းမွန်ရန် အထူးဂရုပြုရမည့် အခြေအနေရှိကြောင်း၊ ကျောက်ကပ်ဆေးကြော နိုင်ခြင်းမရှိပါက ကျန်းမာရေးအတွက် စိုးရိမ်ရသော အခြေအနေမျိုးရှိကြောင်း ဧပြီ ၁၈ ရက် ညနေပိုင်း အခြေအနေအရ ဦးဝင်းတင်၏ မိသားစုဆရာဝန်က ပြောကြားသည်။

ယင်းသို့သော အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျောက်ကပ်ဆေးကြော ကုသမှုပြုလုပ်ရန် သင့်၊ မသင့်ကို အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ခဲ့ပြီး နောက်ဆုံးတွင်အားလုံး၏ ဆုံးဖြတ်ချက်အရ ကျောက်ကပ်ဆေးကြော ကုသရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ကျောက်ကပ်ဆေးကြော ကုသမှုအောင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သိရှိပြီးနောက် ဆရာကြီးဦးဝင်းတင်အား ကြိုးစားကုသပေးခဲ့ကြသည့် ဆရာဝန်ကြီးများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

(သတင်းစာဆရာကြီး ဦးဝင်းတင်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ တွေ့ဆုံနေကြစဉ်)
Eleven Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..