လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, April 25, 2014

ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှထွက်သော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသို့ ဦးစားပေးရောင်းမည်

Photo: ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှထွက်သော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသို့ ဦးစားပေးရောင်းမည်

Friday, April 25,2014

မကြာသေးမီက တင်ဒါအောင်မြင်ခဲ့သည့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် ၃၆ ကွက်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးအတွက် ဦးစားပေးရောင်းချရန် စာချုပ် ပြောင်းလဲချုပ်ဆိုသွားမည် ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီဌာနမှ သတင်းရရှိသည်။

ယခင်က ပြည်တွင်းမှထွက် ရှိလာသည့် သဘာဝဓာတ်ငွေ့ များကို ပြည်ပသို့တိုက်ရိုက်ရောင်း ချခွင့်ပြုထားသော်လည်း ပြည် တွင်းစွမ်းအင်လိုအပ်ချက်မှာ မြင့် မားနေသောကြောင့် ၂၀၁၃ နှင့် ၂၀၁၄ တွင် တင်ဒါအောင်ခဲ့သော ကုန်းတွင်းနှင့်ကမ်းလွန်လုပ်ကွက် များမှ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသို့ရောင်းချရန် စာချုပ် များပြောင်းလဲရခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန စီမံဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘ပြည်တွင်းကို ဦးစားပေး ရောင်းချရမယ်။ ကုမ္ပဏီတွေ စီးပွားရေး တွက်ခြေကိုက်ဖို့ဆိုရင် ဒီမှာပဲ စက်ရုံ၊ အလုပ်ရုံတွေ ထောင်ပြီး တန်ဖိုးမြင့်ထုတ်ကုန် ထုတ်ပြီးရောင်းဖို့ ခွင့်ပြုထားပါ တယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိကလုပ်ကွက်များမှထွက်ရှိ သည့် သဘာဝ ဓာတ်ငွေ့များ ရောင်းချခွင့် ယခင်စာချုပ်ဖြင့်ချုပ် ဆိုထားသောကြောင့် ပြည်တွင်း သို့အကန့်အသတ်ဖြင့် ဆက်လက် ဖြန့်ဖြူးနေမည် ဖြစ်သော်လည်း ယခုနှစ်အတွင်းချုပ်ဆိုမည့်လုပ် ကွက်များကို ပြည်တွင်းသို့ဦးစား ပေးရောင်းချရမည်ဖြစ်သည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့(တွင်းထိပ်ရောက်) ဈေးနှုန်းသည် ကမ္ဘာ့ပေါက်ဈေးထက် ထက်ဝက်ခန့် များပြားနေသော်လည်း ပြည်တွင်းသို့ ရောင်းချမည့် ဈေးနှုန်းသည် ပြည်ပရောင်းဈေးထက် လျော့နည်းနိုင်မည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

‘‘ဘယ်ဈေးနှုန်းနဲ့ ပြည်တွင်း ဖြန့်မလဲဆိုတာ ထွက်ရှိတဲ့အချိန် မှာပဲ တွက်ချက်ရမယ်ဆိုတော့ ပြောရခက်ပါတယ်။ ဒေသတွင်း ဈေးနှုန်းအတိုင်းရောင်းချဖို့လုပ် ထားပါတယ်။ ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းရောင်းချထားတဲ့အထဲ မှာမှ ၂၅ ရာခိုင်နှုန်းက ၁၀ ရာခိုင် နှုန်းလျှော့ဈေးနဲ့ ပြည်တွင်းကို ရောင်းရမယ်လို့ တွက်ချက်ထား ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ပြည်တွင်းတွင်ရောင်းချမည့် လုပ်ကွက်များမှာ ကုန်းတွင်းလုပ် ကွက် ၁၆ ကွက်နှင့် ကမ်းလွန်လုပ် ကွက် ၂၀ တို့ဖြစ်သည်။ ကုန်း တွင်းလုပ်ကွက် ၁၆ ကွက်သည် ၂၀၁၃ အောက်တိုဘာတွင် နိုင်ငံ ခြားကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးခဲ့ပြီး ၂၀၁၄ မတ်လတွင် ကမ်းလွန်လုပ်ကွက် ၂၀ ကို နိုင်ငံ ခြားကုမ္ပဏီများသို့လုပ်ကိုင်ခွင့် ချပေးခဲ့သည်။

လုပ်ကွက်ချထားပေးသည့် ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက် ၃၆ ကွက်အောင် ကုမ္ပဏီများနှင့် ယခုနှစ်အတွင်း စာချုပ်ချုပ်ဆိုရန် စွမ်းအင်ဝန်ကြီးဌာနက ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။

7daydaily
မကြာသေးမီက တင်ဒါအောင်မြင်ခဲ့သည့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် ၃၆ ကွက်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးအတွက် ဦးစားပေးရောင်းချရန် စာချုပ် ပြောင်းလဲချုပ်ဆိုသွားမည် ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီဌာနမှ သတင်းရရှိသည်။
ယခင်က ပြည်တွင်းမှထွက် ရှိလာသည့် သဘာဝဓာတ်ငွေ့ များကို ပြည်ပသို့တိုက်ရိုက်ရောင်း ချခွင့်ပြုထားသော်လည်း ပြည် တွင်းစွမ်းအင်လိုအပ်ချက်မှာ မြင့် မားနေသောကြောင့် ၂၀၁၃ နှင့် ၂၀၁၄ တွင် တင်ဒါအောင်ခဲ့သော ကုန်းတွင်းနှင့်ကမ်းလွန်လုပ်ကွက် များမှ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသို့ရောင်းချရန် စာချုပ် များပြောင်းလဲရခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန စီမံဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘ပြည်တွင်းကို ဦးစားပေး ရောင်းချရမယ်။ ကုမ္ပဏီတွေ စီးပွားရေး တွက်ခြေကိုက်ဖို့ဆိုရင် ဒီမှာပဲ စက်ရုံ၊ အလုပ်ရုံတွေ ထောင်ပြီး တန်ဖိုးမြင့်ထုတ်ကုန် ထုတ်ပြီးရောင်းဖို့ ခွင့်ပြုထားပါ တယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိကလုပ်ကွက်များမှထွက်ရှိ သည့် သဘာဝ ဓာတ်ငွေ့များ ရောင်းချခွင့် ယခင်စာချုပ်ဖြင့်ချုပ် ဆိုထားသောကြောင့် ပြည်တွင်း သို့အကန့်အသတ်ဖြင့် ဆက်လက် ဖြန့်ဖြူးနေမည် ဖြစ်သော်လည်း ယခုနှစ်အတွင်းချုပ်ဆိုမည့်လုပ် ကွက်များကို ပြည်တွင်းသို့ဦးစား ပေးရောင်းချရမည်ဖြစ်သည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့(တွင်းထိပ်ရောက်) ဈေးနှုန်းသည် ကမ္ဘာ့ပေါက်ဈေးထက် ထက်ဝက်ခန့် များပြားနေသော်လည်း ပြည်တွင်းသို့ ရောင်းချမည့် ဈေးနှုန်းသည် ပြည်ပရောင်းဈေးထက် လျော့နည်းနိုင်
မည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

‘‘ဘယ်ဈေးနှုန်းနဲ့ ပြည်တွင်း ဖြန့်မလဲဆိုတာ ထွက်ရှိတဲ့အချိန် မှာပဲ တွက်ချက်ရမယ်ဆိုတော့ ပြောရခက်ပါတယ်။ ဒေသတွင်း ဈေးနှုန်းအတိုင်းရောင်းချဖို့လုပ် ထားပါတယ်။ ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းရောင်းချထားတဲ့အထဲ မှာမှ ၂၅ ရာခိုင်နှုန်းက ၁၀ ရာခိုင် နှုန်းလျှော့ဈေးနဲ့ ပြည်တွင်းကို ရောင်းရမယ်လို့ တွက်ချက်ထား ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ပြည်တွင်းတွင်ရောင်းချမည့် လုပ်ကွက်များမှာ ကုန်းတွင်းလုပ် ကွက် ၁၆ ကွက်နှင့် ကမ်းလွန်လုပ် ကွက် ၂၀ တို့ဖြစ်သည်။ ကုန်း တွင်းလုပ်ကွက် ၁၆ ကွက်သည် ၂၀၁၃ အောက်တိုဘာတွင် နိုင်ငံ ခြားကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးခဲ့ပြီး ၂၀၁၄ မတ်လတွင် ကမ်းလွန်လုပ်ကွက် ၂၀ ကို နိုင်ငံ ခြားကုမ္ပဏီများသို့လုပ်ကိုင်ခွင့် ချပေးခဲ့သည်။

လုပ်ကွက်ချထားပေးသည့် ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက် ၃၆ ကွက်အောင် ကုမ္ပဏီများနှင့် ယခုနှစ်အတွင်း စာချုပ်ချုပ်ဆိုရန် စွမ်းအင်ဝန်ကြီးဌာနက ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။

7daydaily

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..