လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 24, 2014

လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့

Photo: လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ တက်တူးထိုးထားတဲ့ ဗြိတိန်ခရီးသွား တစ်ယောက်ကို ဖမ်းဆီးပြီး သီရိလင်္ကာကနေ ပြည်နှင်ဒဏ်ပေးခဲ့
Wednesday, April 23, 2014

အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာအာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိလကာင်္နိုင်ငံကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။

ရဲအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူမဟာ ‘ တခြားလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်တွေကို ထိပါးအောင် လုပ်မှု’ နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ Naomi ဟာ သူမရဲ့ လက်မောင်းမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ထိုးထားမှုကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

သူမ ကိုဖမ်းဆီးပြီးမကြာမီမှာပဲ သီရိလင်္ကာရာဇ၀တ်တရားသူကြီးက ပြည်နှင်ဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့  သိရပါတယ်။ လက်ရှိတော့ နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာ သူမကို ထိန်းသိမ်းထားတယ်လို့  သိရပါတယ်။

သိရီလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာကို စော်ကားရာရောက်တဲ့ အပြုအမူတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကလည်း Notthingham မြို့ သား Anthony Ratcliffe ကို ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင် ပါရှိမှုကြောင့် နိုင်ငံထဲ ၀င်ခွင့်တားမြစ်ခဲ့ပြီး ပြင်သစ်ခရီးသွားသုံးယောက်ကိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို နမ်းရှုံ့ ခဲ့ မှုကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..