လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, April 21, 2014

မကွေးမြို့တွင် အမျိုးစောင့်ဥပဒေ ထောက်ခံရေး ဟောပြောပွဲကျင်းပရာ လူဦးရေ ထောင်ဂဏန်းခန့် တက်ရောက်

Photo: မကွေးမြို့တွင် အမျိုးစောင့်ဥပဒေ ထောက်ခံရေး ဟောပြောပွဲကျင်းပရာ လူဦးရေ ထောင်ဂဏန်းခန့် တက်ရောက်
Monday, April 21, 2014

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက အမျိုးစောင့်ဥပဒေ ထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပရာ မကွေး၊ မင်းဘူး၊ စကုမြို့ပေါ်နှင့် ယင်းမြို့နယ်များအတွင်း ကျေးရွာများမှ လာရောက်သူများ အပါအ၀င် လူဦးရေ ထောင်ဂဏန်းခန့် တက်ရောက်ခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သူများထံမှ သိရသည်။

အဆိုပါ ဟောပြောပွဲအား အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များမှ ဦးဆောင်ကျင်းပခဲ့ပြီး မကွေးဆရာတော် ဦးပါမောက္ခ၊ ရှင်မတောင်ဆရာတော် ဦးက၀ိန္ဒောဘာသနှင့် မန္တလေးတိုင်းဒေသကြီး မ.ဘ.သ တွဲဖက်အတွင်းရေးမှူး ဆရာတော်ဦးယသတို့မှ သြ၀ါဒကထာများ ချီးမြှင့်ခဲ့ကြောင်း၊ ဆရာတော် ဦးဝီရသူနှင့် အထက်မြန်မာပြည် မ.ဘ.သ ခေါင်းဆောင်ဆရာတော်တို့မှ ပေးပို့ခဲ့သော သ၀ဏ်လွှာများအား ဖတ်ကြားခဲ့ကြောင်း သိရသည်။

“မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ အခြားဘာသာဝင်တွေအားလုံး အေးချမ်းစွာနေထိုင်နိုင်ကြဖို့ မျိုးစောင့်ဥပဒေ ပေါ်ထွန်းလာရေးအတွက် ဒီလိုအသိပညာပေးပွဲတွေ ကျင်းပနေရတာပါ” ဟု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မှ ဥပဒေအကြံပေးရှေ့နေ ဦးအေးပိုင်က ဆိုသည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား အမျိုးစောင့်ဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်သင့်-မသင့် သဘောထားမှတ်ချက်များပါသည့် လက်ကမ်းစာစောင်နှင့် စာအုပ်များ ပွဲစီစဉ်သူများမှ ပေးဝေခဲ့ကြသည်။

အမျိုးစောင့်ဥပဒေ ထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ ဟောပြောပွဲသို့ တက်ရောက်ကြသူများကို တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..