လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, April 18, 2014

ဖလား သုံးလုံး ရယူလိုသည့် ဂရတ် ဘေးလ်

Photo: ဖလား သုံးလုံး ရယူလိုသည့် ဂရတ် ဘေးလ်
Friday, April 18, 2014

ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား ဂရတ်ဘေးလ်ဟာ ဘာစီလိုနာ အသင်းကို အနိုင်ယူပြီး စပိန် ကိုပါဒယ်ရေး ဖလားကို အရယူနိုင်ပြီးနောက် ယခုနှစ် ဘောလုံးရာသီမှာ ဖလားသုံးလုံး ဆွတ်ခူးနိုင်ရေး ရည်မှန်းထားကြောင်း ပြောကြားလိုက်သည်။
ဘေးလ်က “ဒါ တကယ့်ကို ထူးရှယ်ပါ။ ကျနော်တို့ ဖလား သုံးလုံး ရနိုင်စရာ ရှိတဲ့အထဲက ပထမဆုံး ဖလားတော့ ရယူလိုက်နိုင်ပါပြီ။ အားလုံးအတွက် ကျနော်တို့ တတ်စွမ်းသမျှ တိုက်ပွဲဝင်သွားမှာပါ။” ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဂရတ်ဘေးလ်ဟာ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့သည့် ကိုပါဒယ်ရေး ဖလားဖိုင်နယ်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် အနိုင်ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။
အဆိုပါ ဂိုးနှင့် ပါတ်သက်ပြီး ရီးရဲမက်ဒရစ် နည်းပြဖြစ်သူ ကာလို အန်ဆလော့တီက “အသေအချာ ပြောရမယ်ဆိုရင် ဒါ ဘေးလ်ရဲ့ ကစားသမားဘဝ သက်တမ်းတစ်လျှောက်မှာ အရေးအပါဆုံး ဂိုးတစ်ဂိုးပါ။ ဒီပွဲရဲ့ တကယ့် အဆုံးအဖြတ် အခိုက်အတန့်မှာ သူ သွင်းယူလိုက်နိုင်တာပါ။” ဟု ချီးမွမ်းစကား ပြောကြားခဲ့သည်။

ရီးရဲမက်ဒရစ်အသင်းဟာ စပိန် လာလီဂါ အမှတ်ပေးဖလား ပြိုင်ပွဲမှာ အက်သလက်တီကို မက်ဒရစ်နောက်မှာ ၃ မှတ်အကွာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် တွေ့ဆုံလျက်ရှိသည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm
ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား ဂရတ်ဘေးလ်ဟာ ဘာစီလိုနာ အသင်းကို အနိုင်ယူပြီး စပိန် ကိုပါဒယ်ရေး ဖလားကို အရယူနိုင်ပြီးနောက် ယခုနှစ် ဘောလုံးရာသီမှာ ဖလားသုံးလုံး ဆွတ်ခူးနိုင်ရေး ရည်မှန်းထားကြောင်း ပြောကြားလိုက်သည်။
ဘေးလ်က “ဒါ တကယ့်ကို ထူးရှယ်ပါ။ ကျနော်တို့ ဖလား သုံးလုံး ရနိုင်စရာ ရှိတဲ့အထဲက ပထမဆုံး ဖလားတော့ ရယူလိုက်နိုင်ပါပြီ။ အားလုံးအတွက် ကျနော်တို့ တတ်စွမ်းသမျှ တိုက်ပွဲဝင်သွားမှာပါ။” ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။ဂရတ်ဘေးလ်ဟာ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့သည့် ကိုပါဒယ်ရေး ဖလားဖိုင်နယ်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် အနိုင်ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။
အဆိုပါ ဂိုးနှင့် ပါတ်သက်ပြီး ရီးရဲမက်ဒရစ် နည်းပြဖြစ်သူ ကာလို အန်ဆလော့တီက “အသေအချာ ပြောရမယ်ဆိုရင် ဒါ ဘေးလ်ရဲ့ ကစားသမားဘဝ သက်တမ်းတစ်လျှောက်မှာ အရေးအပါဆုံး ဂိုးတစ်ဂိုးပါ။ ဒီပွဲရဲ့ တကယ့် အဆုံးအဖြတ် အခိုက်အတန့်မှာ သူ သွင်းယူလိုက်နိုင်တာပါ။” ဟု ချီးမွမ်းစကား ပြောကြားခဲ့သည်။

ရီးရဲမက်ဒရစ်အသင်းဟာ စပိန် လာလီဂါ အမှတ်ပေးဖလား ပြိုင်ပွဲမှာ အက်သလက်တီကို မက်ဒရစ်နောက်မှာ ၃ မှတ်အကွာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် တွေ့ဆုံလျက်ရှိသည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..