လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 23, 2014

NLD တိုင်းရုံးတည်ဆောက်ဖို့ Iron Cross ရန်ပုံငွေဂီတပွဲ ပရိသတ်ထောင်ပေါင်းများစွာ အားပေး

Photo: NLD တိုင်းရုံးတည်ဆောက်ဖို့ Iron Cross ရန်ပုံငွေဂီတပွဲ ပရိသတ်ထောင်ပေါင်းများစွာ အားပေး
Sunday, March 23, 2014 

တာမွေမြို့နယ်က NLD ပါတီ တိုင်းရုံး ပြုပြင်တည်ဆောက်ရေးအတွက် ရွှေထွဋ်တင်ကွင်းမှာ Iron Cross အဖွဲ့နဲ့ ရန်ပုံငွေရှာဖွေပွဲကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ပရိသတ် အနည်းဆုံး ၅ထောင်ကျော်လောက်ဟာ ရန်ပုံငွေဂီတပွဲကို အားပေးခဲ့ကြပါတယ်။

နိုင်ငံကျော် ရော့ခ်အဆိုတော်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့က ပရိသတ်ထောင်ပေါင်း များစွာကို ဖျော်ဖြေခဲ့သလို လေးဖြူကလည်း အဖေဆိုတဲ့သီချင်းနဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေနဲ့ ဖော်ပြတင်ဆက်ခဲ့ပါတယ်။

ရန်ကုန်တိုင်း NLD ရုံးချုပ်အသစ်ကို တည်ဆောက်ဖို့အတွက် ရန်ပုံငွေရှာဖွေတဲ့ ပထမခြေလှမ်းအဖြစ် ကျင်းပတဲ့ ဒီဂီတပွဲမှာ ၂၁ရာစုမှာ သတင်းအချက်အလက်နဲ့ နည်းပညာကိုအသုံးပြုပြီး အတိုက်အခံ ပါတီတစ်ခုအနေနဲ့ အစိုးရတာဝန်တွေ မထမ်းဆောင်ခင် အဆင်သင့်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လာမယ့် ပွင့်လင်းရာသီမှာပြုလုပ်မယ့် ဒုတိယမြောက် ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ ၃ဝ စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာမို့ တိုင်းရုံးခန်းတိုးချဲ့မှုက အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာကျင်းပတဲ့ ဒီရန်ပုံငွေ ဂီတပွဲကို ပါတီနာယက သူရဦးတင်ဦးကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။ ရန်ပုံငွေပွဲက ရရှိတဲ့ငွေတွေကိုတော့ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာ သွားမယ်လို့ ဆိုပါတယ်။

Kamayut Media

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..