လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 27, 2014

ဖိလစ်ပိုင်မှာ လူကြိုက်များတဲ့ ပင့်ကူ အရက်

Tarantula (ထရန်ကျူလာ) လို့ခေါ်တဲ့ အဆိပ်ပြင်း အမွေးထူ ပင့်ကူကို သိသူများလည်း သိပါလိမ့်မယ်။ အာရှ၊ ဥရောပ၊ အမေရိက တို့မှာ မျိုးဆိပ် အမျိုးမျိုး ရှင်သန် ပေါက်ဖွားပြီး အဆိပ်ပြင်းပြီး လူတွေကို အန္တရယ်ပြုနိုင် ပါတယ်။ ထိုနည်းတူစွာ သူ့မှာ ပါတဲ့ ဓာတ်ဟာလည်း လူ့ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က ရိုးရာ ဆေးပညာ ရှင်များက လက်ခံ ယုံကြည်ထားကြ ပါတယ်။ ဒါကြောင့်လည်း သေပြီး မကြာသေးတဲ့ လတ်လတ်ဆက်ဆက် ပင့်ကူကို ဆန် အရက်၊ နဲ့ ဂရန်ဒီ အမျိုးမျိုးထဲမှာ စိမ်လို့ ထည့်သောက် ကြ ပါတယ်။ အမျိုးသားများ ပိုမို သောက် သုံးကြ ပါတယ်။

ယင်း အရက်ကို ထရန်ကျူလာ အရက်လို့လည်း ခေါ်ဆိုပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာ ကမ္ဘာလှည့် ခရီးသည်မျာကို စွဲဆောင်တဲ့ အစား အသောက် တစ်ခု ဖြစ်ကြောင်းလည်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..