လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 9, 2014

ဘယ်နေ့ သေမလဲ သိချင်ရင် သွေးစစ်ရင် သိနိုင်ပြီ

Photo: ဘယ်နေ့ သေမလဲ သိချင်ရင် သွေးစစ်ရင် သိနိုင်ပြီ

ဓာတ်ပုံ- L.A Times

မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသန ပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။

ဖင်လန်နဲ့ အက်စတိုးနီးယား သုတေသီတွေက သွေးထဲက ဓာတ်ပစ္စည်းတွေကို စစ်ဆေးလိုက်တာနဲ့ ဒီလူ ဟာ ကျန်းမာမှု ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်အချိန်ထိ အသက်ရှင် ကျန်းမာမယ်၊ သေစေတတ်တဲ့ ကင်ဆာ အပါအဝင် ဘယ်လို ရောဂါ မျိုးတွေ ရှိနိုင်မလဲဆိုတာ သွေး ကို စစ်လိုက်တာနဲ့ သိရမှာဖြစ်ပြီး
သေဆုံးမယ့် အချိန်ကို အတော် နီးနီးစပ်စပ် ခန့် မှန်း နိုင်တယ်လို့ Los Angeles Times သတင်းတပုဒ် က ဆိုပါတယ်။

သူတို့ အခေါ် "Biomarkers" က ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတာဖြစ်ပြီး Death Biomarkers တွေက တော့ သေစေနိုင်တဲ့ အခြေအနေတွေကို ကြိုတင် သတိပေးနိုင်တာကြောင့် ကိုယ် မသေချင်သေးရင်လည်း သေလောက်တဲ့ အခြေအနေမရှိအောင် ဖြည့်ဆည်းမှုတွေ လုပ်ပြီး အသက် ကို ဆွဲဆန့်စေနိုင်မယ့်လက္ခဏမျိုးပါ။

ဒါပေမယ့် တချို့ Death Biomarkers တွေကတော့ ဘယ်လိုမှ ဆွဲဆန့်လို့ရမယ့် အနေအထားရှိဟန် မတူပါဘူး။

Biomarker ၄ မျိုးရှိပြီး အဲဒီညွှန်းကိန်းတွေကို ကြည့်ပြီး ကျန်းမာတဲ့သူ၊ သေတော့မယ့်သူတွေကို ခွဲခြား သိနိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။ အခု စမ်းသပ်မှုကို အသက် ၂၄ နှစ်ကနေ ၇၄ နှစ်ကြားရှိတဲ့ ဖင်လန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၄၄၄ ဦးကို သီးခြား စီ စမ်းသပ်သုတေသန လုပ်ခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ka

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..