ရန်ကုန်မြို့တော်ရှိ သင်္ကြန်မဏ္ဍပ်များ၌ စောင့်ကြည့်သူ တစ်ဦးစီ ထားကာ
မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်သော သရုပ်ပျက် ဝတ်စားဆင်ယင်သူများ ကို
မှတ်တမ်းတင်၍ ခေါ်ယူသတိပေး တားမြစ်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်းစန်းနွယ် က ပြောကြားသည်။
ယမန်နှစ် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တော်တွင်းရှိ မဏ္ဍပ်တချို့တွင် မိန်းကလေးများ၏ သရုပ်ပျက် ဝတ်စားဆင်ယင်ပြီး ရေကစားသည့် ဓါတ်ပုံများ လူမှုကွန်ရက် ဖေ့ဘုတ်နှင့် အင်တာနက် ဝက်ဆိုဒ် အချို့တွင် ပျံနှံခဲ့သောကြောင့် ယခုနှစ် သင်္ကြန်၌ ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ကော်မတီ ၁၀ ရပ်အနက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မဆီလျော်သော ဝတ်စား ဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီက မဏ္ဍပ်တိုင်း တွင် တာဝန်ရှိသူ တစ်ဦးထားကာ ဓါတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်၍ ခေါ်ယူ သတိပေး တားမြစ် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ယဉ်ကျေးမှု ဝန်ကြီးက ရှင်းပြသည်။
သတင်းအပြည့်အစုံကို မနက်ဖြန် မတ်လ ၂၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြပေးမညိဖြစ်ပါကြောင်း လေးစားစွာ အသိပေးပါသည်။
The Voice Weekly

No comments:
Post a Comment