လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 23, 2014

ဝန်ထမ်းများ ပျော်ရွှင်ပါမှ အလုပ်ပိုမိုတွင်ကျယ်ဟု လေ့လာ တွေ့ရှိ

Photo: ဝန်ထမ်းများ ပျော်ရွှင်ပါမှ အလုပ်ပိုမိုတွင်ကျယ်ဟု လေ့လာ တွေ့ရှိ
Sunday, March 23, 2014

အမေရိကန် အခြေဆိုက် စီးပွားရေး တက္ကသိုလ် တစ်ခုမှ ပါမောက္ခ သုံးဦးက ဦးစီးလို့ သုတေသန ပြုလုပ်ခဲ့ရာ ယခုလို အဖြေကို ရရှိပါတယ်။ ပျော်ရွှင်သော ဝန်ထမ်းများသာ မပျော်ရွှင်သော ဝန်ထမ်းများထက် ထုတ်ကုန် ထုတ်လုပ်မှု (productivity) ပိုမိုမြင့်မားပြီး အလုပ်ပိုမို တွင်ကျယ်ကြောင်းသိ ရ ပါတယ်။

ယင်း အချက်ကို Google က နဂိုကတည်းက လက်ခံ ကျင့်သုံးနေတဲ့ အချက် ဖြစ်ပြီး ယခုမှ အမေရိကန် သုတေသန ပညာရှင်များက ပြန်လည် လေ့လာ ကြည့်ခြင်း ဖြစ်ပါတယ်။ ယင်း အတွက် အမေရိကန် နိုင်ငံ တစ်ဝန်းက ရုံးဝန်ထမ်းပေါင်း ၇၀၀ ကို စစ်ဆေးလေ့လာပြီး စစ်ဆေးလေ့လာမှုကို နှစ်ဖွဲ့ခွဲ ပါတယ်။ ၇၀၀ ရဲ့ တစ်ဝက်ကို ရုံးချိန် အတွင်း ဟာသ ဇာတ်လမ်းပိုင်း တစ်ခု ပြသပြီး ချောကလပ် အပြင် စားချင်တာ စားဖို့ ပေးပါတယ်။ ပြီးတော့ အလုပ်လုပ်စေတဲ့ အခါမှာ သာမန်နေ့များထက် Productivity ဟာ ၁၂ ရာခိုင်နှုန်း မြင့်တက် ခဲ့ ပါတယ်။

နောက်တစ်ဝက် ကိုတော့ မိသားစု အခက်အခဲတွေ၊ ဘဝမှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကို ပြန်ပြောပြ ခိုင်းပါတယ်။ ဒါနဲ့ စိတ်ညစ် စရာတွေ ခေါင်းထဲမှာ စွဲကျန်ပြီး အလုပ်လုပ်တဲ့ အခါမှာ သာမန် နေ့များထက် တောင် လျော့ကျ နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ ပါတယ်။ Google ဆိုရင် သူတို့ရဲ့ Productivity ဟာ သာမန် ကုမ္မဏီများထက် ၃၇ ရာခိုင်နှုန်း ပိုမို မြင့်မားပြီး အလုပ်ပိုတွင် ကြောင်း တွေ့ရှိခဲ့ ပါတယ်။

ဝန်ထမ်းများအတွက် အစားအသောက်၊ အနားယူ အပန်းဖြေစရာ၊ လေ့လာ စရာ၊ ပျော်စရာ အစရှိသဖြင့် ပစ္စည်းပစ္စယ၊ အစားအစာ အလုံအလောက် အခမဲ့ ထောက်ပံ့ထားပြီး လုပ်ငန်းချိန်တွင်းလည်း စိတ်ဖိစီးအောင် အထက်က ပြောဆိုမှု မရှိတာကြောင့် အလုပ်ပိုမို တွင်ကျယ်တာကို တွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့်မို့ ဝန်ထမ်းများ ပျော်ရွှင်ခြင်းက အလုပ် ပိုမို တွင်ကျယ် ခြင်းကို အသိအမှတ်ပြုခဲ့ကြကြောင်း သိရ ပါတယ်။
ူ.
Ref: futurity
အောင်ခမ်း (ရိုးရာလေး)
အမေရိကန် အခြေဆိုက် စီးပွားရေး တက္ကသိုလ် တစ်ခုမှ ပါမောက္ခ သုံးဦးက ဦးစီးလို့ သုတေသန ပြုလုပ်ခဲ့ရာ ယခုလို အဖြေကို ရရှိပါတယ်။ ပျော်ရွှင်သော ဝန်ထမ်းများသာ မပျော်ရွှင်သော ဝန်ထမ်းများထက် ထုတ်ကုန် ထုတ်လုပ်မှု (productivity) ပိုမိုမြင့်မားပြီး အလုပ်ပိုမို တွင်ကျယ်ကြောင်းသိ ရ ပါတယ်။ယင်း အချက်ကို Google က နဂိုကတည်းက လက်ခံ ကျင့်သုံးနေတဲ့ အချက် ဖြစ်ပြီး ယခုမှ အမေရိကန် သုတေသန ပညာရှင်များက ပြန်လည် လေ့လာ ကြည့်ခြင်း ဖြစ်ပါတယ်။ ယင်း အတွက် အမေရိကန် နိုင်ငံ တစ်ဝန်းက ရုံးဝန်ထမ်းပေါင်း ၇၀၀ ကို စစ်ဆေးလေ့လာပြီး စစ်ဆေးလေ့လာမှုကို နှစ်ဖွဲ့ခွဲ ပါတယ်။ ၇၀၀ ရဲ့ တစ်ဝက်ကို ရုံးချိန် အတွင်း ဟာသ ဇာတ်လမ်းပိုင်း တစ်ခု ပြသပြီး ချောကလပ် အပြင် စားချင်တာ စားဖို့ ပေးပါတယ်။ ပြီးတော့ အလုပ်လုပ်စေတဲ့ အခါမှာ သာမန်နေ့များထက် Productivity ဟာ ၁၂ ရာခိုင်နှုန်း မြင့်တက် ခဲ့ ပါတယ်။

နောက်တစ်ဝက် ကိုတော့ မိသားစု အခက်အခဲတွေ၊ ဘဝမှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကို ပြန်ပြောပြ ခိုင်းပါတယ်။ ဒါနဲ့ စိတ်ညစ် စရာတွေ ခေါင်းထဲမှာ စွဲကျန်ပြီး အလုပ်လုပ်တဲ့ အခါမှာ သာမန် နေ့များထက် တောင် လျော့ကျ နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ ပါတယ်။ Google ဆိုရင် သူတို့ရဲ့ Productivity ဟာ သာမန် ကုမ္မဏီများထက် ၃၇ ရာခိုင်နှုန်း ပိုမို မြင့်မားပြီး အလုပ်ပိုတွင် ကြောင်း တွေ့ရှိခဲ့ ပါတယ်။

ဝန်ထမ်းများအတွက် အစားအသောက်၊ အနားယူ အပန်းဖြေစရာ၊ လေ့လာ စရာ၊ ပျော်စရာ အစရှိသဖြင့် ပစ္စည်းပစ္စယ၊ အစားအစာ အလုံအလောက် အခမဲ့ ထောက်ပံ့ထားပြီး လုပ်ငန်းချိန်တွင်းလည်း စိတ်ဖိစီးအောင် အထက်က ပြောဆိုမှု မရှိတာကြောင့် အလုပ်ပိုမို တွင်ကျယ်တာကို တွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့်မို့ ဝန်ထမ်းများ ပျော်ရွှင်ခြင်းက အလုပ် ပိုမို တွင်ကျယ် ခြင်းကို အသိအမှတ်ပြုခဲ့ကြကြောင်း သိရ ပါတယ်။
Ref: futurity
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..