ကမ္ဘာပေါ်တွင် အမျိုးသမီးများစွာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြကြောင်း၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်နေမှုများလည်း ရှိကြောင်း၊
မိမိတို့နိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးဝန်ကြီး၊
ဒုတိယဝန်ကြီးအဆင့်များ တာဝန်ထမ်းဆောင်နေကြကြောင်း၊ တပ်မတော်ထဲတွင်
ဗိုလ်မှူးကြီးအဆင့်ရှိ တပ်မှူးများ၊ ပါရဂူဌာနမှူးများ
တာဝန်ပေးအပ်ထားကြောင်း၊ လွှတ်တော်ထဲတွင်လည်း အမျိုးသမီးအရာရှိ
ကိုယ်စားလှယ်များ တာဝန်ပေးအပ်ထားကြောင်း၊ ယခု နိုင်ငံတော်အစိုးရသစ်လက်ထက်
သမိုင်းတစ်ခေတ်ဟု ခေါ်ဆိုနိုင်သည့် အမျိုးသမီး ဗိုလ်လောင်းသင်တန်းကို
ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁)
ဖြစ်သည်နှင့်အညီ ဒေါင်ဒေါင်မြည် အရည်အသွေးရှိပြီး ပေးအပ်သည့်
လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အစကောင်းမှ
အနှောင်းသေချာမည်ဖြစ်ကြောင်း၊ တပ်မတော်သား ဘဝအစဖြစ်၍
ပင်ပန်းဆင်းရဲခက်ခဲမည်ဖြစ်သော်လည်း ချွေးထွက်များမှ သွေးထွက်နည်းမည်ဆိုသည့်
ဆောင်ပုဒ်နှင့်အညီ ကြိုးစားသင်ကြားလေ့ကျင့်ရန်လိုကြောင်း၊ သင်တန်းတွင်
ကိုယ်တိုင် အပင်ပန်းခံ လေ့ကျင့်ခြင်းဖြင့် လက်တွေ့နယ်ပယ်တွင် စာနာစိတ်ဖြင့်
လုပ်ငန်းများဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း
အရာရှိခေါင်းဆောင်ငယ်များ
ဖြစ်လာမည်ဖြစ်၍ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရေး
နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ သင်တန်း ကာလတစ်လျှောက်လုံး အကောင်းဆုံး ကြိုးပမ်းလေ့ကျင့်ဆောင်ရွက် သွားရန်လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ တက်ရောက်နေသော အမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)မှဗိုလ်လောင်းသင်တန်းသူများအားဗိုလ်သင်တန်းကျောင်း

ပြည်ထောင်စုခန်းမ၌ တွေ့ဆုံ၍
အမှာစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဆန်းဦးနှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ကျောင်းအစည်းအဝေး ခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာများနှင့် တပ်တည် ဆောက်ရေးလုပ်ငန်းကြီးလေးရပ်တို့ကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရည်ရွယ် ချက်ရှိစွာဖြင့် ဖွင့်လှစ်သော သင်တန်းဖြစ်၍ ကျန်းမာကြံ့ခိုင်မှုမှစပြီး လေ့ကျင့်ရေးဆိုင်ရာများတွင် အထူး အလေးထားဆောင်ရွက်ရန်နှင့် စားသောက်ရေးကိစ္စအပါအဝင် အုပ်ချုပ်မှုဆိုင်ရာများ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စာသင်ခန်းများ၊ အမျိုးသမီး ဗိုလ်လောင်းများ လက်တွေ့လေ့ကျင့် သင်ကြားနေမှုများ၊ ဧည့်တွေ့ဆောင်များနှင့် စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
မြဝတီ

No comments:
Post a Comment