ယခင်နှစ် မြို့တော်ဝန်မဏ္ဍပ်၌ သင်္ကြန်အကျ၊ အကြတ်နှင့်အတက် သုံး ရက်တွင် ညနေ ၃
နာရီမှ ၆ နာရီအထိ မန္တလေးမြို့ သတ်တမ်းရှည်မြို့မအသင်းကြီး၏ ဖျော်ဖြေရေးအစီစဉ်ပါဝင်သော်လည်း
ယခုနှစ်တွင်ပါဝင်လာခြင်းမရှိဘဲ အဆိုပါသုံးရက်အား မန္တလေးမြို့ခံတီး
ဝိုင်းသုံးဝိုင်းမှ အလှည့်ကျ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း မန်းစည်ပင်
ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာန ခွဲမှူးဦးသန်းထွဋ်က ပြောသည်။
''အရင်နှစ်တွေအတိုင်းပဲစည်စည် ကားကားလုပ် မယ်။ နိုင်ငံကျော်တီးဝိုင်းတော့မငှားတော့ဘူး။ စည်ပင်တီးဝိုင်းကို အဆင့်မြှင့်ထားတယ်။ ကျန်တာတွေ လည်း နှစ်တိုင်းကျင်းပနေကျ အတိုင်းပဲ။တခြားပြိုင်ပွဲတွေလည်းပါမယ်''ဟု ၎င်း က ဆိုသည်။
သို့ရာတွင် ယခင်နှစ်များနည်းတူ နိုင်ငံကျော်အဆိုတော်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ် ကြောင်း မန်းစည်ပင်မှ သတင်းရရှိသည်။ ဇော်ပိုင်၊ ဖြိုးကြီး၊ ဖိုးကာ၊ သားစိုး၊ ဝေ လျံ၊ ဂျက်မြက်သောင်း၊ ကြည်သာ (ပွဲကြိုက်ခင်)၊ နီနီခင်ဇော်၊ ခင်စုစုနိုင်၊ မိစန္ဒီ၊ အေသင်ချိုဆွေ၊ စန္ဒီမြင့်လွင်၊ နန်း ဆုရတီစိုး၊ အိမ့်ချစ်၊ မေခလာ၊ မှူး ရတနာ စသည့် နိုင်ငံကျော် အဆိုတော်များနှင့်အတူ စည်ပင်တီးဝိုင်းမှ သင်္ကြန် လေးရက်တာကာလအားတီးခတ်ဖျော် ဖြေပေးမည် ဖြစ်သည်။
ထို့အပြင် ယခင်နှစ်များနည်းတူ ဓာတ်ပုံပြိုင်ပွဲ၊ ယာဉ်အလှဆင်ပြိုင်ပွဲ၊ အကအလှပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် ဌာန ဆိုင်ရာများမှ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ကာ အကြိုနေ့ညနေ ငါးနာရီတွင် မြို့ တော်ဝန် ဦးအောင်မောင်း ကိုယ်တိုင်မဏ္ဍပ်အားဖွင့်ပေးမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။
မန္တလေးမြို့ဆိုင်ရာ သမိုင်းဝင်အဆောက်အအုံများ၊ မန္တလေးမြို့ဖြစ်တည် လာပုံ သမိုင်းအထောက်ထားများနှင့် ပတ်သက်၍ စာအုပ်များရေးသားနေသူ အမျိုးသားစာပေဆုရှင် စာရေးဆရာ ဆူးငှက်က
''သင်္ကြန်ဆိုတာအမျိုးသားပြယုဂ်တစ်ခုပါ။ ဒါကို တာဝန်ရှိတဲ့အစိုးရ အဖွဲ့အစည်းတွေက ဆန့်ကျင်ပြီး ပွဲတွေလုပ်တာကို လက်မခံပါဘူး။ ကျုံးကြီးကို ကျောပေးပြီးကျုံးရေတွေကို ဖြုန်းနေတာကိုလည်း လက်မခံပါဘူး။ ကျွန်တော်က ခေတ်နောက် ပြန်ဆွဲနေတာ မဟုတ်ပါဘူး။ လုပ်ချင်ရင်ကန်တော်ကြီးလိုနေရာမျိုးမှာ လုပ်စေချင်တယ်။ စည် ပင်မဏ္ဍပ်တစ်ခုတည်းကို ပြောနေတာမဟုတ်ပါဘူး။ အားလုံးကိုပြောတာပါ။ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ နဲ့ သင်္ကြန်ပွဲတော်ကြီးက ကျုံးအလှ၊ ယဉ်ကျေးမှုဒါတွေကိုပျက်စေတယ်''ဟု ပြောသည်။
ဖိုးလပြည့်

No comments:
Post a Comment