ရန်ကုန်မြို့တွင်း လူကူးခုံးကျော် တံတားများ တည်ဆောက်၍ အီလက် ထရောနစ်
ကြော်ငြာဘုတ်များကပ်ရန် ထူးကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို ရန်ကုန်
စည်ပင်အနေဖြင့် လက်မခံခဲ့ကြောင်းသိရသည်။ ထူးကုမ္ပဏီမှရန်ကုန်မြို့တွင်း လူအသွားအလာများသော လမ်းဆုံနှင့် ကျောင်း
များရှေ့တွင် လူကူးခုံးကျော်တံတား ၇ ခု ခန့် စရိတ်စိုက် တည်ဆောက်ပေး
မည်ဆိုကာ မြေပုံများနှင့်တကွ တင်ပြခဲ့ကြောင်း ရန်ကုန်စည်ပင်မှ အရာရှိ
တစ်ဦးက ပြောသည်။
”ခုံးကျော် တံတားဆိုတော့ လမ်းပေါ်တည့်တည့်ပဲ။ ဒါကို ကားမောင်းတဲ့ သူတွေက ငေးပြီးမောင်းရင် ယာဉ်တိုက်မှုတွေဖြစ်မယ်။ အဲဒါမို့ ပန်းဆိုးတန်း ခုံးကျော်မှာ တင်ထားတဲ့ LED ဘုတ်တောင် ဖြုတ်လိုက်တယ်”ဟု အထက်ပါ အရာရှိက ဆိုသည်။
လက်ရှိတွင် ရန်ကုန်စည်ပင်မှ လူသွားလူလာများနှင့် ယာဉ်များအန္တရာယ် ရှိစေနိုင်သည်ဟုဆိုကာ လမ်းမကြီးများပေါ်တွင် လည်းကောင်း၊ တိုင်စိုက် ကြော်ငြာ ဘုတ်များပေါ်တွင်လည်းကောင်း၊ အီလက်ထရောနစ် ကြော်ငြာ ဘုတ်များ စိုက်ထူခွင့်ကို ကန့်သတ်ထားသည်။
သို့သော် အနော်ရထာလမ်းမကြီးနှင့် ဆူးလေဘုရားလမ်းထောင့်မှ အီလက် ထရောနစ် ကြော်ငြာဘုတ်စိုက်ထူထားမှုကို တွေ့ရှိရပြီး ယင်းမှာဆီးဂိမ်း မတိုင်မီ ဆီးဂိမ်းအ တွက် ကြော်ငြာရန်ချထား ပေးခြင်းဖြစ်ကြောင်းနှင့် ထပ်မံကြော်ငြာခွင့်လည်း ရရှိထားကြောင်း ရန်ကုန်စည်ပင်မှ သတင်းရရှိ သည်။ ရန်ကုန်မြို့ တွင်း ကြော်ငြာ ဘုတ်များ စိုက်ထူမှုကို ရန်ကုန်စည်ပင် အဆောက်အအုံနှင့် လမ်းတံတားဌာနမှ ကိုင်တွယ် လုပ်ဆောင်ခြင်းဖြစ်သည်။
Popular

No comments:
Post a Comment