လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 25, 2014

၈၈မျိုးဆက်နှင့် မကွေးဒေသခံများ ပူးပေါင်းဆန္ဒပြမည်

Photo: ၈၈မျိုးဆက်နှင့် မကွေးဒေသခံများ ပူးပေါင်းဆန္ဒပြမည်
Tuesday, March 25, 2014 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ပခုက္ကူမြို့တို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒဖော်ထုတ်ရန် ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိသောကြောင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်များက ယင်းဒေသခံများနှင့် ပူးပေါင်းဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ၊ ၂၅ ရက်တွင် မကွေးမြို့၌ ပြုလုပ်မည့် အဆိုပါ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ရန် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ ကိုမာကီ၊ ကိုဥာဏ်လင်း နှင့် မမီးမီး တို့ ပါဝင်သော အဖွဲ့သည် မတ်လ၊ ၂၄ ရက်က ရန်ကုန်မြို့မှ မကွေးမြို့သို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည် မတ်လ၊ ၂၆ ရက် တွင် ပခုက္ကူမြို့၌ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒဖော်ထုတ်ပွဲတွင်လည်း ပခုက္ကူဒေသခံများနှင့်အတူ ပူးပေါင်း ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..