တပေါင်းလပြည့်နေ့
မတိုင်မီ တပါတ်မှာ ဘုရားပွဲကာလရောက်ပြီဆိုရင် လှိုင်းလုံးတွေ
ရိုက်ခတ်ပြီးနောက် ရေကျသွားကာ ကမ်းစပ်မှ ရေလည်ဘုရား ဆီကို
လမ်းလျောက်သွားနိုင်တဲ့ သဲသောင်ပြင် ၂ ခု ပေါ်လာလေ့ရှိတယ် ဆိုပါတယ်။ လူလမ်း၊
နတ်လမ်း ပေါ်တယ်လို့ ဆိုပါတယ်။
တစ်ခုက ဘုရားဖူးလာတဲ့ လူတွေအတွက် ဖြစ်ပြီး၊ နောက်တစ်ခုက ဘုရားရှင် အတွက်လို့ ယုံကြည်ကြပါတယ်။ ဒီလျှောက်လမ်းတွေဟာ ဘုရားပွဲ ကာလ ပြီးဆုံးတိုင်း ရေအောက်သို့ ပြန်လည် ဆင်းသက်ပျောက်ကွယ် သွားလေ့ရှိ တယ် ဆိုပါတယ်။
ဘုရားပွဲတော် ရက်တွေမှာ ဘုရားဖူးတွေ အထူးများပြားပြီး၊ နေ့စဉ် လူရှစ်သောင်းခန့် လာရောက်တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

No comments:
Post a Comment