လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 10, 2014

မလေးရှားရောက် မြန်မာအလုပ်သမားများအတွက် သတင်းကောင်း

Photo: မလေးရှားရောက် မြန်မာအလုပ်သမားများအတွက် သတင်းကောင်း

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါ၇ီလ (၃)ရက်နေ့မှ စတင်ပြီး မြန်မာသံရုံးကို သမ္မတကြီးမှ အောက်ပါအတိုင်း ညွှန်ကြားစာထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်-

(က) သက်တမ်းစာအုပ်တစ်အုပ်ကို ယခင်က ရင်းဂစ် ၃၂၀ ယူရာမှ ယခုအခါတွင် (၇၅)ရင်းဂစ်သာ ယူရန်။ ပတ်စ်ပို့စာအုပ် အသစ်တစ်အုပ်ဖိုး နိုင်ငံတော်မှ (၂၅)ဒေါ်လာသာကောက်ခံခိုင်းထားပါသဖြင့် တစ်ဒေါ်လာ (၃)ရင်းဂစ်နှင့်တွက်မည်ဆိုပါက ၇၅ ရင်းဂစ်သာ ကောက်ခံရမှာဖြစ်ပါတယ်။

(ခ) ပတ်စ်ပို့စာအုပ်အပျောက် ပြန်လျှောက်ရာတွင် ယခင်က မြန်မာသံရုံးမှ ၁၂၈၀ ရင်းဂစ် ကောက်ခံသော်လည်း နိုင်ငံတော်အစိုးရမှ ယခုအခါ ဒေါ်လာ(၇၅)နှင့်ညီမျှသော ရင်းဂစ်သာကောက်ခံရန် ညွှန်ကြားလိုက်ပါတယ်ရှင်။ ယနေ့တစ်ဒေါ်လာ ရင်းဂစ်ပေါက်ဈေး(၂၉၃)ရင်းဂစ်၇ှိပါတယ်။ ရင်းဂစ်ပေါက်ဈေးသည် အစိုးရတရားဝင်သတ်မှတ်တဲ့ ရင်းဂစ်ပေါက်ဈေးအတိုင်း တွက်မှာဖြစ်ကြောင်း သိရှိရပါတယ်။

မလေးရှားရောက်မြန်မာအလုပ်သမားတွေအတွက် အရမ်းကို ၀မ်းသာစရာကောင်းတယ်သတင်းပါ။ ဒီအစီအစဉ် ယခုဖေဖော်ဝါရီလ ၃ ၇က်နေ့စပြောင်းလဲတာပါ။ သက်တမ်းသွားတိုးတဲ့ မြန်မာအချင်းချင်း လက်တို့လိုက်ကြပါဦး။ သက်တမ်းစာအုပ်အသစ် တစ်အုပ်ဖိုး ၇၅ ရင်းဂစ်သာ ကောက်ခံနေကြောင်း ပြောကြလိုက်ပါဦးရှင်

ရွှေမြန်မာအားလုံး ကျန်းမာချမ်းသာကြပါစေ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..