လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 11, 2014

သင့်ပတ်ဝန်းကျင်မှာ အရက်စွဲနေတဲ့ လူရှိရင် ဒါလေးဖတ်ပြီး ပြောပေးပါ

Photo: သင့်ပတ်ဝန်းကျင်မှာ အရက်စွဲနေတဲ့ လူရှိရင် ဒါလေးဖတ်ပြီး ပြောပေးပါ
.....................................................................

အရက်စွဲခြင်း နဲ့ ဓာတ်စာ

အရက် အလွန်အကျွံ သောက်ရင် အရက်စွဲပြီး အရက်နာကျ တတ်တယ်။ ကိုယ် အလေးချိန် နည်းသူတွေမှာ ခန္ဓာကိုယ်တွင်း အရည် ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလို လူတွေနဲ့ အဆီမပါတဲ့ တစ်သျှူး နည်းပါး သူတွေဟာ အရက်ကို ခံနိုင်ရည် မရှိဘူး။ အင်ဇိုင်း နည်းပါးတဲ့ အမျိုးသမီး နဲ့ ကလေးတွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်း နိုင်တယ်။

အရက်စွဲခြင်း

အရက်စွဲသူရဲ့ လက္ခဏာ တွေကတော့ ရေဓာတ် ခန်းခြောက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း ၊ ချာလည် မူးဝေခြင်း ၊ စိတ်ဓာတ် ကျခြင်း ၊ ဝေဒနာ ပြင်းထန်ရင် ကြွက်တတ်ခြင်း ၊ ထင်ယောင် ထင်မှား ဖြစ်ခြင်း ၊ ညအချိန်၌ အိပ်မပျော်ခြင်း ၊ အသည်း အဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း ၊ အသည်းရောင် အသားဝါ ဖြစ်ခြင်း ၊ နာတာရှည် အသည်း ရောင်ခြင်း ၊ အသည်း ကြွပ်ဆတ်နာ ၊ အသည်း ကင်ဆာ အထိ ဖြစ်ခြင်း နဲ့ စိတ်ကျ ရောဂါ ဖြစ်ခြင်းတို့ ဖြစ်တယ်။

အရက်နာ မကျအောင် အရက် မသောက်မီ နွားနို့ တစ်ခွက်နဲ့ ကြက်ဥ အစိမ်း တစ်လုံး ဖောက်သောက် သင့်တယ်။ အရက်သောက်တဲ့ အခါ အမြည်း များများ စားပြီး ရေများများ သောက်သင့်တယ်။ အရက်နဲ့ အချိုရည် တွဲသောက် သင့်တယ်။ စနစ်တကျ မှတ်ပုံတင် ထားခြင်း မရှိတဲ့ အရက် ( ချက်အရက် ၊ မှောင်ခို ၀င်လာတဲ့ အရက် ) များ ရှောင်သင့်တယ်။ ဗီတာမင် ဆေးသောက်ဖို့ လိုသလို ဆီးရောဂါ မဖြစ်အောင် ဆီးအောင့် ထားခြင်း မပြုလုပ် ရပါ။ ဆီးနည်းခြင်း ၊ ၀မ်းချုပ်ခြင်း မဖြစ်စေရပါ။ အရက်စွဲ လာပြီဆိုရင် အရက်ဖြတ်ဆေး သောက်ဖို့ လိုတယ်။ များသော အားဖြင့် စီပီဇက် သောက်ဆေး နှစ်လုံးကို နှစ်ကြိမ်နဲ့ အိပ်ဆေး ဗေလီယံ တစ်ခုခု နှစ်လုံး တွဲသောက် သင့်တယ်။ အချိန်ပို နေတယ် ဆိုရင်တော့ ဘာသာရေး လိုက်စားခြင်း ၊ အားကစား သို့မဟုတ် လူမှုရေး အလုပ် တစ်ခုခု လုပ်နေ သင့်တယ်။

အစားအစာ

ပုံမှန်အားဖြင့် အရက်မှာ ပါတဲ့ အယ်လ်ကိုဟော နဲ့ ပါဝင် ပစ္စည်းများဟာ ရေဓာတ် ဆုံးရှုံးစေပြီး မလိုလား အပ်တဲ့ အဆီတွေ အသည်းမှာ စုစေတယ်။ သွေးထဲမှာ ကိုလက် စထရော မြင့်စေတယ်။ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်း တွေနဲ့ အဖွဲ့အစည်း တွေမှာ ဆိုးရွားတဲ့ အခြေအနေ ဖြစ်စေတယ်။ အရက်ဖြတ်ရင် သဘာဝ သစ်သီးဖျော်ရည် ၊ သံပရာ ၊ လိုင်းဂျူး ၊ စတော်ဘယ်ရီ ဖျော်ရည် သောက်သင့်တယ်။ ပန်းသီး ၊ မုန်လာဥနီ ၊ မုန်လာဥ၀ါ ၊ တရုတ်နံနံ ၊ သကြားဓာတ် ပါတဲ့ သစ်သီးဖျော်ရည် သောက်သင့်တယ်။ သွေးထဲမှာ ဂလူးကို့စ် နည်းရင် သကြားဖြည့် ပေးရမယ်။ 

အကြံပြုချက်

အရက်ဟာ ကောင်းကျိုးထက် အရက်စွဲခြင်း ၊ ရောဂါ စွဲကပ်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုး များတဲ့အတွက် တတ်နိုင်ရ်င မသောက်ဘဲ နေသင့်တယ်။ အရက်ဖြတ်မယ် ဆိုလည်း စနစ်တကျ ဆရာဝန်နဲ့ ပြပြီး ကုသ သင့်တယ်။

ဒေါက်တာ လွင့်သန့် (ဆေး-၂)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..