လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 27, 2014

မီတာခနှုန်းထား ပြန်လည်လျှော့ချရေးနှင့် အစိုးရ၏ မီတာခ တိုးမြှင့်ကောက်ခံမှုအပေါ် ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ

Photo: မီတာခနှုန်းထား ပြန်လည်လျှော့ချရေးနှင့် အစိုးရ၏ မီတာခ တိုးမြှင့်ကောက်ခံမှုအပေါ် ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ
Thursday, March 27, 2014

တစ်နိုင်ငံလုံး မီတာခနှုန်းထား ၃၅ ကျပ် ထားရှိရေးနှင့် မီတာခ တိုးမြှင့်ကောက်ခံခြင်း ကန့်ကွက်ဆန္ဒပြမှု မတ် ၂၆ ရက်၊ ညနေ ၆ နာရီခန့်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။

ဧပြီ ၁ ရက်မှ စတင်ပြီး လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က မတ် ၁၉ ရက်တွင် အတည်ပြုခဲ့သည်။

ယင်းသို့ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ကန့်ကွက်ဆန္ဒပြပွဲတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူစုစုပေါင်း ၁၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် “ပြည်သူ့ဆန္ဒ လျစ်လျူရှုသောအစိုးရ အလိုမရှိ၊ မီတာခ တိုးမြှင့်ကောက်ခံမှု အလိုမရှိ၊ တစ်နိုင်ငံလုံး မီတာခနှုန်းထား ၃၅ ကျပ် ထားရှိရေး၊ လျှပ်စစ်မီတာခ လျှော့ချပေးရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး” စသည့်ကြွေးကြော်သံများဖြင့် ရန်ကုန်မြို့အတွင်း စီတန်းလှည့်လည် ဆန္ဒပြနေစဉ် လျှပ်စစ်မီး ယာယီပြတ်တောက်သွားခဲ့သည်။

ပါဝင်ဆန္ဒပြခဲ့သော ရန်ကုန်အရှေ့တက္ကသိုလ်မှ တတိယနှစ် စိတ်ပညာကျောင်းသူ မယွန်းရွှေခိုင်က “မီတာခတွေ တိုးလိုက်လို့ ပြည်သူတွေ ခံစားရမှာကို မကြည့်ရက်လို့ အခုလို ဆန္ဒ၀င်ပြတာ ဖြစ်ပါတယ်။ ၀မ်းစာအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ မီတာခ တက်လိုက်ခြင်းဟာ ဆင်းရဲဒုက္ခ ပိုဖြစ်စေပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ မီတာခ တိုးမြှင့်ကောက်ခံခြင်းနဲ့ ပတ်သက်ပြီး ဆန္ဒပြတာတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်” ဟု အဆိုပါဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သူ ရန်ကုန်ပြည်သူ့အကျိုးအောင် ကွန်ရက်မှ ကိုဝေဠုက ပြောကြားသည်။

ဆန္ဒပြသူများသည် ရန်ကုန်မြို့တော် ခန်းမရှေ့မှ မဟာဗန္ဓုလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းတစ်လျှောက် ကြွေကြော်ဆန္ဒပြခဲ့ရာ ကျောက်တံတားမြို့မ ရဲစခန်းရှေ့တွင် ပြီးဆုံးခဲ့သည်။

ဆန္ဒပြပွဲပြီးနောက် ဦးဝင်ချိုနှင့် ကိုဝေဠုတို့ နှစ်ဦးကို ကျောက်တံတားမြို့မရဲစခန်းမှ တာဝန်ရှိသူများ ရဲစခန်းအတွင်းသို့ ခေါ်ဆောင်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆန္ဒပြပွဲအတွက် ကြိုတင်ခွင့်ပြုချက် မယူထားကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..