ချင်းပြည်နယ်၏ အထင်ကရ နေရာတစ်ခု ဖြစ်သော ရိဒ်ရေကန်တွင် အပျော်စီးစက်လှေများဖြင့် ရေကန်တစ်ပတ် ကို ကျပ်ငွေ(၈၀၀၀)ကျပ်ဖြင့် လှည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ယခု ပွင့်လင်းရာသီ ကာလတွင် ရိဒ်ရေကန်သို့ လာရောက်သူအများစုမှာ
အိန္ဒိယနိုင်ငံမှ အများဆုံးလာရောက်ကြပြီး ရုံးပိတ်ရက်ဖြစ်သော စနေ၊
တနင်္ဂနွေနေ့များတွင် ဧည့်သည်အများဆုံး လာရောက်ကြောင်းသိရသည်။
ရေကန်အတွင်း လှည့်ပတ်ပို့ဆောင်ပေးသော စက်လှေများတွင် ထိုင်ခုံ (၁၀)ခုံထားရှိပြီး လူ(၁၀)ဦးသာ တင်ဆောင်ခွင့်ရှိကြောင်း၊ ရေကန်တစ်ပတ်ကို မိနစ်(၃၀)ကြာမြင့်ပြီး ရေကန်တစ်ဝက် စီးနင်းမည်ဆိုပါကကျပ်(၄၀၀၀)ဖြင့် ပို့ဆောင်ပေးကြောင်း သိရသည်။
ရိဒ်ရေကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၉၆၆)ပေ မြင့်ပေရှိသော တောင်တန်းပေါ်တွင်တည်ရှိကာ ရေကန်အကျယ်အ၀န်း (၃)မိုင် ရှိကြောင်းသိရသည်။
ချင်းတောင်ပေါ်ရှိ အမှတ်တရနေရာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နေထိုင်စားသောက်ရေး ခက်ခဲသည့်အတွက် မြန်မာနိုင်ငံ အတွင်းပိုင်းမှ လာရောက်လည်ပတ်သူနည်းပါးလျှက်ရှိပြီး တစ်ဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ဖက်မှ လာရောက်လည်ပတ် သူများသာ တွေ့ရကြောင်း ရိဒ်ဒေသခံတစ်ဦးမှ ပြောသည်။
ကလေးပို့စ်
မြန်မာ့ခေတ်

No comments:
Post a Comment