ရုရှားဟာ ယူကရိန်း ပိုင်ဆိုင်တဲ့ Crimea ကျွန်းကို ဖေဖော်ဝါရီလကုန် ကတည်းက
ဝင်ရောက် ကျူးကျော် သိမ်းပိုက်ခဲ့ ပါတယ်။ ယခု မတ်လ မှာ ခရိုင်မီယာ
ကျွန်းဟာ ရုရှား အုပ်ချုပ်မှု လက်အောက်ကို လုံးဝ ရောက်ရှိ သွား ပါတယ်။ လူဦးရေ ၂သိန်းခွဲကျော် နေထိုင်တဲ့ ကျွန်းဒေသ ဖြစ်ပြီး အများစုက
ရုရှားလူမျိုးများ ဖြစ်ပါတယ်။ ယင်း ရုရှား လူမျိုးများကို ကာကွယ်ဖို့
အကြောင်းပြချက်နဲ့ သမ္မတ ပူတင် စေခိုင်းသော ရုရှား တပ်မတော်ဟာ ဝင်သိမ်း
ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်းကနေ ပင်လယ်နက်သို့ ပြောင်းရွှေ့ စစ်အင်အား
ထားရှိတဲ့ ယူကရိန်းဟာလည်း အင်အားနည်းလာ ပါတယ်။ စစ်ဟာ ယူကရိန်း ပင်မ
နိုင်ငံအထိ ကူးဆက်သွားနိုင်တာကြောင့် ကမ္ဘာ့ ထိပ်သီး နိုင်ငံများက
ယင်းလုပ်ဆောင်ချက်ကို ရပ်တန့်ဖို့ အတွက် ရာဇသံ ပေးခဲ့ ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား အပြင် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါ၊ ဗြိတိန် နိုင်ငံက ခေါင်းဆောင်များ၊ ယူရောပ ကောင်စီ ဥက္ကဌ၊ ဥရော ကော်မရှင် ဥက္ကဌ တို့ဟာ နယ်သာလ်၊ Hague မြို့မှာ ပြုလုပ်ကျင်းပတဲ့ ဂျီ-၇ ပွဲကို တက်ရောက်ပြီး ဆုံးဖြတ်ချက် အသစ်များ ချမှတ်ခဲ့ ပါတယ်။ ကမ္ဘာ့ ထိပ်သီး စစ်အင်အားကြီးနိုင်ငံများ ဖွဲ့စည်းထားတဲ့ နိုင်ငံ ၈ နိုင်ငံမှာ ရုရှား ပါဝင်ပြီး ဂျီ-၈ လို့အမည်ရ ပါတယ်။ သို့ပေမယ့် ယင်းစာရင်းထဲကနေ ရုရှားကို ထုတ်ပယ်ပြီး ယခု ဂျီ-၇ လို့သာ ခေါ်ဆိုစေပြီ ဖြစ်ပါတယ်။
ရုရှားမှာ ကျင်းပမယ့် G-8 Global Summit ကို ဖျက်သိမ်းဖို့လည်း သဘော တူညီ ခဲ့ကြ ပါတယ်။ ရုရှား ရဲ့ ဘဏ်လုပ်ငန်း၊ လက်နက် ရောင်းဝယ်မှု လုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း၊ စတော့ ရှယ်ယာ အစရှိသဖြင့် တို့ကို ပိတ်ဆို့ခြင်း နဲ့ အခြားသော အရေးယူမှုများကို ဆက်လက် ပြုလုပ်သွား မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၁ ဘီလျံ တန်ဖိုးရှိတဲ့ စားနှိပ်ရိက္ခာ များကို အမေရိကန်က ထောက်ပံ့သွား မှာ ဖြစ်ပါ တယ်။ စစ်အင်အား အရလည်း ကူညီမှုများ ပါဝင်လာနိုင်မယ် လို့ နိုင်ငံရေး ပညာရှင်များက ခန့်မှန်း ထားကြ ပါတယ်။
ဒါကြောင့်မို့ ယနေ့ဟာ စစ်အေးကာလ အတွင်း ရုရှားနဲ့ ကမ္ဘာ့ စစ်အင် အားကြီး နိုင်ငံတို့ တင်းမာမှု အရှိန်အမြင့်ဆုံးသို့ အဆင့်သို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: yahoo,mashable,wiki
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment