လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 19, 2014

ပြည်မြို့ ၌ ကားပေါ်သို့ မြေနီတင်နေစဉ် မြေပြိုကျ၍ လုပ်သား(၂)ဦးသေဆုံး

Photo: ပြည်မြို့ ၌ ကားပေါ်သို့ မြေနီတင်နေစဉ် မြေပြိုကျ၍ လုပ်သား(၂)ဦးသေဆုံး
Tuesday, March 18, 2014

လမ်းခင်းရာတွင်အသုံးပြုသည့် မြေနီများကို မြေနီတင်လုပ်သားများက ကားပေါ်သို့ တင်ပေးနေစဉ် ရုတ်တရက် မြေနီများပြိုကျ၍ အလုပ်သမား(၂)ဦးသေဆုံးသော ဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊နတ်မောက်ကျေးရွာအုပ်စု၊ ကုက္ကိုကုန်းကျေးရွာသို့အ၀င် ၀ဲဘက်မြေနီတောင်တွင် ၁၆-၃-၂၀၁၄ ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ၁၆-၃-၂၀၁၄ ရက်နေ့၊ နေ့လည်အချိန်တွင် ကားတစ်စီးတင်ခ(၅၀၀၀)ကျပ်နှုံးဖြင့် မြေနီတင်ပေးနေသော လုပ်သားများဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ သာယာကုန်းကျေးရွာမှ ဇော်မျိုးထွဋ်(ခ)ဖြူဖွေး၊ ရွှေညီနောင်အုပ်စု၊ ရေမနောက်ကျေးရွာမှ ကိုထွေး၊ ခင်မောင်ဇော်၊ စိုးလွင်နှင့် စွယ်တော်ကျေးရွာမှ စိုင်းကိုတို့ (၅)ဦးသည် မြေနီတောင်အတွင်းသားအား လှိုင်တူးပြီး မြေနီများအားယဉ်မောင်း မင်းကျော်စွာ မောင်းနှင်သော လီဖန်းဖောကား ပေါ်သို့တင်ပေးနေစဉ် မြေပြိုသဖြင့် ဇော်မျိုးထွဋ်(ခ)ဖြူဖွေးနှင့် ကိုထွေးတို့မှာ မြေပိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်ရာနေရာသို့ ပန်းတောင်းမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ ၀င်များနှင့် ပြည်မြို့ဆံတော်အရံမီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၃၀)ယောက်ခန့်တို့ ၀ိုင်းဝန်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြရာ ညနေ(၃း၀၀)နာရီခန့်တွင် သေဆုံးနေသော ရုပ်အလောင်းများအား ဖေါ်ထုတ်ယူနှိုင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ ပန်းတောင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၄) ဖြင့် ရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
လမ်းခင်းရာတွင်အသုံးပြုသည့် မြေနီများကို မြေနီတင်လုပ်သားများက ကားပေါ်သို့ တင်ပေးနေစဉ် ရုတ်တရက် မြေနီများပြိုကျ၍ အလုပ်သမား(၂)ဦးသေဆုံးသော ဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊နတ်မောက်ကျေးရွာအုပ်စု၊ ကုက္ကိုကုန်းကျေးရွာသို့အ၀င် ၀ဲဘက်မြေနီတောင်တွင် ၁၆-၃-၂၀၁၄ ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ဖြစ်စဉ်မှာ ၁၆-၃-၂၀၁၄ ရက်နေ့၊ နေ့လည်အချိန်တွင် ကားတစ်စီးတင်ခ(၅၀၀၀)ကျပ်နှုံးဖြင့် မြေနီတင်ပေးနေသော လုပ်သားများဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ သာယာကုန်းကျေးရွာမှ ဇော်မျိုးထွဋ်(ခ)ဖြူဖွေး၊ ရွှေညီနောင်အုပ်စု၊ ရေမနောက်ကျေးရွာမှ ကိုထွေး၊ ခင်မောင်ဇော်၊ စိုးလွင်နှင့် စွယ်တော်ကျေးရွာမှ စိုင်းကိုတို့ (၅)ဦးသည် မြေနီတောင်အတွင်းသားအား လှိုင်တူးပြီး မြေနီများအားယဉ်မောင်း မင်းကျော်စွာ မောင်းနှင်သော လီဖန်းဖောကား ပေါ်သို့တင်ပေးနေစဉ် မြေပြိုသဖြင့် ဇော်မျိုးထွဋ်(ခ)ဖြူဖွေးနှင့် ကိုထွေးတို့မှာ မြေပိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်ရာနေရာသို့ ပန်းတောင်းမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ ၀င်များနှင့် ပြည်မြို့ဆံတော်အရံမီးသတ်တပ်ဖွဲ့ဝင်များ အင်အား(၃၀)ယောက်ခန့်တို့ ၀ိုင်းဝန်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြရာ ညနေ(၃း၀၀)နာရီခန့်တွင် သေဆုံးနေသော ရုပ်အလောင်းများအား ဖေါ်ထုတ်ယူနှိုင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ ပန်းတောင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၄) ဖြင့် ရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..