လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 26, 2014

ပဋိပက္ခအတွင်း အကြမ်းဖက် ခံရသည့် ရခိုင်အမျိုးသမီး စာရင်းကောက်မည်

Photo: ပဋိပက္ခအတွင်း အကြမ်းဖက် ခံရသည့် ရခိုင်အမျိုးသမီး စာရင်းကောက်မည်
Tuesday, March 25, 2014

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အကြမ်းဖက် ခံခဲ့ရသည့် ရခိုင်အမျိုးသမီးများ စာရင်းကို ကောက်ယူမည် ဖြစ်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုမှ မသီတာထွေး အကြမ်းဖက် ခံရမှုမှ စတင်ကာ ပဋိပက္ခအတွင်း ဘင်္ဂါလီများ၏ မုဒိမ်းကျင့်မှု၊ သတ်ဖြတ်မှု စသည့် အကြမ်းဖက် ခံမှုများကို စာရင်းကောက်ယူကာ ယင်းအကြမ်းဖက်မှု များကို အရေးယူနိုင်ရန် အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်တွေမြို့နယ်တွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ ကျင်းပနေသည့် ရခိုင်အမျိုးသမီးများ အစည်းအရုံး၏ စတုတ္ထအကြိမ်မြောက် ညီလာခံတွင်လည်း ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိသည်။

တပ်မတော်အစိုးရ လက်ထက်က ရခိုင်အမျိုးသမီးများ အကြမ်းဖက် ခံရမှုများကို ကောက်ယူသွားမည် မဟုတ်သော်လည်း အလားတူ အကြမ်းဖက်ခံရမှု ထပ်မံ မဖြစ်ပွားစေရန် ကာကွယ်သွားမည် ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံ ဘဝမှ လွတ်မြောက်စေရန်၊ နိုင်ငံရေးနှင့် အခြားလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများတွင် ဦးဆောင်မှု နေရာတွင် ပိုမို ပါဝင်လာနိုင်ရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမို ထိရောက်စွာ လုပ်ဆောင်လာနိုင်ရန် ရည်ရွယ်၍ RWU ညီလာခံကို စစ်တွေမြို့တွင် မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပနေကြောင်း RWU ၏ ပြောရေးဆိုခွင့် ရှိသူက ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အရက်ကြောင့် အိမ်တွင်းမှု ပြဿနာများ၊ အကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားလာကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး ညီလာခံတွင် အမ်းမြို့နယ် ကိုယ်စားလှယ်က တင်ပြသည်။

ရခိုင်အမျိုးသမီးများ အစည်းအရုံးကို ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စတင် ဖွဲ့စည်းခဲ့သည်။ ပထမအကြိမ် ညီလာခံကို ၂၀၀၀ ပြည့်နှစ်၊ ဒုတိယအကြိမ်ကို ၂၀၀၃ ခုနှစ်၊ တတိယအကြိမ်ကို ၂၀၀၉ ခုနှစ်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကျင်းပခဲ့ပြီး ယခု စတုတ္ထအကြိမ်မြောက် ညီလာခံ ရောက်မှသာ ရခိုင်ပြည်နယ်တွင် ကျင်းပနိုင်ခြင်း ဖြစ်သည်။ 

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..