လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 13, 2014

မန်စီးတီးကို အိမ်ကွင်းတွင် ထပ်မံအနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်း နှင့် ပွဲအပြီးမှတ်တမ်း

Photo: မန်စီးတီးကို အိမ်ကွင်းတွင် ထပ်မံအနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်း နှင့် ပွဲအပြီးမှတ်တမ်း
Thursday, March 13, 2014

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းသည် အိမ်ကွင်းနှုးကပ် တွင် မန်စီးတီးကို 
နှစ်ဂိုး တစ်ဂိုးရလဒ်ဖြင့်အနိုင်ရရှိသွားပါတယ်။ ဘာစီလိုနာအတွက် သွင်းဂိုးများကို မက်ဆီ နှင့် ဒန်နီ အလ်ဗက် တို့က ပွဲကစားချိန် (၆၇) နှင့် (၉၀+၁) မှာသွင်းယူခဲ့ပြီး မန်စီးတီးအသင်းမှ ချေပဂိုး တစ်ဂိုးကိုတော့ ကွန်ပနီမှ ပွဲကစားချိန် (၈၉)မှာ သွင်းယူခဲ့တာပါ။ အဆိုပါပွဲစဉ်တွင် မက်ဆီ၏ အစွမ်းပြမှုတွေကို မြင်တွေ့ရပြီး
ကိုယ်တိုင်လည်း ဗွေဆော်ဦးဂိုးကို သပ်သပ်ရပ်ရပ် သွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာ မက်ဆီ၏ ဘာစီလိုနာသည် နှစ်ကျော့ပေါင်း ရလဒ် (၄း၁) ဖြင့် မန်စီးတီးအသင်းရဲ့ 
ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့၏။ ပွဲချိန် (၇၈) မိနစ်တွင် မန်စီးတီး အသင်းမှ ဇန်ဘလတ်တာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပြီး မန်စီးအတွက် 
ချန်ပီယံလိဂ် ပွဲစဉ် ၁၈ ပွဲမှာ နှစ်ပွဲဆက် အနီကတ်ပြခံရတဲ့ မှတ်တမ်းတစ်ခုကျန်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီသည် ယခုပွဲ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့မှုကြောင့် 
ချန်ပီယံလိဂ် ပွဲများမှာ ၆၇ ဂိုးအထိ သွင်းယူထားနိုင်ပြီး သမိုင်းတလျှောက် ကလပ်အသင်းတစ်ခုတည်းမှ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်နေပါသည်။

မက်ဆီသည် (၈)ပွဲကစားအပြီးမှာ (၈)ဂိုးအထိ သွင်းယူထားတဲ့အတွက် ယခုနှစ် ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးဖြစ်နေတဲ့ စီရော်နယ်ဒို နှင့် အီဗရာဟီဗိုဗစ်တို့၏ 
နောက်မှာ တတိယနေရာအဖြစ် ရပ်တည်နေပါသည်။ 
ပွဲအြ့ပီးမှာ Man of the Match အဖြစ် ကွန်ပနီမှ သတ်မှတ်ခံရကြောင်းသိရသည်။
" တကယ်လို့ ကျွန်တော်တို့အဖွင့်ဂိုးကို အစောပိုင်းကတည်းက ရခဲ့မယ်ဆိုရင် ပွဲအဖြေက တမျိုးပြောင်းလဲသွားနိုင်ပါတယ်။ 
ဒါက ကျွန်တော်တို့ရဲ့  တတိယအကြိမ်ယှဉ်ပြိုင်ရတဲ့ 
ပြိုင်ပွဲပါ။ နောက်နှစ်များမှာ ရဲရဲဝံ့ဝံ့နဲ့ ဒီပြိုင်ပွဲကို တက်လှမ်းလာအုံးမှာပါ။ တချိန်မှာ ကျွန်တော်တို့ခေတ်ဆိုတာ 
ရောက်လာအုံးမှာပါ" ဆိုပြီး ကွန်ပနီက ပွဲအပြီးပြောကြားခဲ့ပါသည်။

မိုးတိမ်
Football Café

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..