လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 13, 2014

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အတွက် ဆရာစံ(ဇာဏီဘို) နှင့် ဆရာဦးဇေယျာကို တို့၏ ဟောကိန်း

Photo: ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အတွက် ဆရာစံ(ဇာဏီဘို) နှင့် ဆရာဦးဇေယျာကို တို့၏ ဟောကိန်း
မှု့ခင်း, နိုင်ငံတကာ 

"ဒီလေယာဉ်က ဆရာတို့ တွက်ချက်အရဆိုရင် အင်္ဂါဂြိုလ်ဝင်နေချိန်မှာ ဖြစ်သွားတာ။ ဗုဒ္ဓဟူးနံကို အင်္ဂါဝင်တဲ့အခါ ကြီးကြီးမားမား ထိခိုက်ရတာမျိုးတွေ ရှိပါတယ်။ မလေးရှားလေကြောင်းလိုင်း ဆိုရင် ကြာသပတေးနံ၊ လေယာဉ်ပျံသန်းတဲ့အချိန်ကလည်း နက္ခတ်အရ ပျက်ကိန်းကြုံရမယ့်အချိန်။ ဆိုလိုတာက ရာသီဥတု ဆိုးဆိုးရွားရွား တွေ့ရင်တွေ့၊ မတွေ့ရင် ဘေးဒုက္ခတွေ့ရမယ့် ကိန်းက လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အခုအချိန်မှာ လေယ်ာဉ် ဘာဖြစ်သွားပြီလဲ ဆိုတာကို ပြောရရင် လေယာဉ်က အကြမ်းဘက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင်နေသေးတယ်" ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို)က ဟောသည်။

"ဒီဟောကိန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နက္ခတ်နဲ့ ဂြိုလ်တွေအနေအထားအရ အသက်ရှင်နေသေးတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အကြမ်းဘက်သမားတွေက ဖမ်းဆီးထားတယ် ဆိုတာ မှားတယ်။ တွင်းနက်ကြီးထဲ ရောက်သွားတာ။ သေချာတယ်။ ကျွန်တော်တို့ နက္ခတ်ကြည့်တဲ့အခါ Black Hole ကြီး အကြီးကြီး ပေါ်နေတယ်။ ဒီလေယာဉ်က တွင်းနက်ထဲရောက်သွားတာ။ ဒါမျိုးဖြစ်စဉ်တွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ တွေ့နိုင်ပါတယ်။ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဟာ သိပ္ပံပညာ မလိုက်နိုင်အောင် ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလေယာဉ် ဘာဖြစ်သွားသလဲ ပြောရရင် ဘာမှ မဖြစ်ဘူး။ တွင်းနက်ထဲ ရောက်နေတာ။ တွင်းနက်ထဲမှာ ဘယ်လောက်ကြာမလဲ ပြောရရင်တော့ မသိနိုင်သေးဘူး။ ဂြိုလ်တွေ လှုပ်ရှားတာကို နောက်ထပ် ၁ ရက်လောက် စောင့်ကြည့်ပြီးမှ တိတိကျကျ ပြောနိုင်မယ်။ တွင်းနက်ဆိုတာကို တချို့က အချိန်ယန္တရား ဆိုပြီး ပြောကြတာလည်း ရှိတယ်" ဟု နက္ခတ္တပညာရှင် ဦးဇေယျာကိုက ဟောသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..