လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, March 22, 2014

မိန်းကလေးများ ရေချိုးတော့မယ်ဆိုရင်

Photo: မိန်းကလေးများ ရေချိုးတော့မယ်ဆိုရင်

အဖြစ်များလာနေတဲ့ ရေချိုးခန်း၊ အိမ်သာတွေထဲက မိန်းမသားများ၏ ၀တ်လစ်စလစ်ပုံများကို ခိုးရိုက်ကြကာ အင်တာနက်သို့ တင်နေကြတာကို စိတ်မကောင်းဖွယ် တွေ့ရှိနေရပါတယ်။ အဆိုပါ ကိစ္စများ မဖြစ်ပေါ်စေရန် တာဆီးဖို့ မလွယ်ကူပေမဲ့ အတက်နိုင်ဆုံး ရှောင်ရန် ဆောင်ရန်အချို့တော့ ရှိနေပါတယ်။

(၁) မိန်းကလေးများ ရေချိုးတော့မယ်ဆိုရင် ကိုယ့်ရေချိုးခန်းကို ရေမချိုးခင် လုံခြုံမှုရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်။

(၂) ဟိုတယ်(သို့မဟုတ်) အများသုံးရေအိမ် ဖြစ်ပါက ရေဆွဲမောင်းတံများ၊ စက္ကူလိပ်များ၊ မီးလုံးများ၊ ပန်းအိုးများ၊ တခါးလော့ချတံများ၊ ပိုစတာများ၊ ပစ္စည်းချိတ်တံများ စသည်တို့တွင် လျှို့ဝှက်ထားတက်ကြသည်။

(၃) တံခါးဂျက် ကောင်းမကောင်း၊ အကာအရံ လုံမလုံ၊ တိုက်ခန်းဖြစ်နေရင် တောင်မှ အပေါက်ဖေါက်ထားလား၊ အတွင်းက မမြင်အောင် အပြင်ကမှ မြင်နိုင်အောင် အပေါက်ဖေါက်ထား သလား၊ ခေါင်မိုးရှိတယ် ဆိုရင်တောင် အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လားဆိုတာသေချာ စစ်ဆေးပြီး မှသာရေချိုးကြတာ အကောင်းဆုံးပါလို့ အသိပေးချင်ပါတယ်။

မကြာသေးမီက ဖြစ်ခဲ့တဲ့ အမှုအရဆိုရင် ဗဟန်းမြို့နယ်မှာ တိုက်ခန်း ငါးလွှာ အထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေကြပါ တယ်၊ ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား မိသားတစ်စု နေကြတယ်လို့ သိရတယ်။

တစ်နေ့မှာ ပြသနာ အကြီးအကျယ်တက်ပြီး ရပ်ကွက်ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်။

အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက် ငါးလွှာက ကျောင်းသူတွေနေတဲ့ ရေချိုးခန်းက ခေါင်မိုးနဲ့ နံရံလွတ်နေတဲ့ ကြားမှာ ဟမ်းဖုန်းနဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက် နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်းဖြစ်တယ်လို့ သိရတယ်။

ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကတော့ ကာယကံရှင် ကိုယ်တိုင်သာ သိနေမယ်လို့ ယူဆရတယ်။

မိန်းကလေးတွေ ရေချိုးတာမှာ လုံချည်မပါဘဲ ၀တ်လစ်စလစ်ရေချိုးနေတာကို ဘယ်ပွန်းဆိုက်တွေမှာ တင်လိုက်ပြီလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ကြ ပါဘူး။

မိန်းကလေး တယောက်အဖို့ လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်တော့ မှာဆိုတာတော့ သေချာနေပြီဖြစ်တယ်။

ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ နယ်က မိဝေးဖဝေး လာနေကြတဲ့ မိန်းကလေးတွေ ခင်မျာ ဖိဖိစီးစီး ပြောနိုင်အောင် နိုင်အောင်မလုပ်နိုင်ကြတော့ အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ပဲ အဆုံးသတ်ရတယ်လို့လဲ ကြားသိခဲ့ရတယ်။

အိမ်ထောင်သည် ယောကျာင်္းမှမဟုတ်၊ ကြီးကြီးငယ်ငယ် အခုလိုကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ယောင်္ကျား၊ မောင်နှမသားချင်း စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့တွေကြောင့် မနစ်နာသင့်ပဲ နစ်နာနေကြ သူတွေ ဘယ်လောက်တောင် ရှိနေပါပြီလဲဆိုတဲ့ ကိစ္စကတော့ ယနေ့ခေတ်မှာ မေးခွန်းထုတ်စရာ တခုဖြစ်လို့ လာနေပါပြီ။

ဒီလိုအဖြစ်မျိုးကို နိုင်ငံတကာမှာလည်း တွေ့ကြုံနေရတာဖြစ်ပေမဲ့ မြန်မာ့ ယဉ်ကျေးမူတွေကို ဥပေက္ခာပြုနေတဲ့ လုပ်ရပ်တွေက နိုင်ငံနှင့်လူမျိုးအတွက် များစွာ ထိခိုက်စေတယ်ဆိုတာ အထင်အရှား တွေ့ရှိရမှဖြစ်တယ်။

ယခုလို ပြုလုပ်သူမျးကို ထိထိရောက်ရောက် ပြစ်မူ၊ ပြစ်ဒဏ်များပေးဖို့ လိုအပ် သလို ဆောင်ရွက်ပေးဖို့ လူမူအသိုက်အ၀န်းက လိုလားမူ တိုးတက်လာပြီဆို တာ မငြင်းနိုင်မယ့် အချက်ဖြစ်ပါတယ်။

အချူပ်ဆိုရသော် မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေ ကို လဲလုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး ဆောင်ရွက်ကြပါလို့ တင်ဆက်ပေးလိုက် ပါတယ်။

Myanmar News Media

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..