လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 11, 2014

စီအိုင်အေတို့ သူလျှိုကြောင် တစ်ကောင် အတွက် ဒေါ်လာ သန်း ၂၀ ရင်းခဲ့ဖူး

Photo: စီအိုင်အေတို့ သူလျှိုကြောင် တစ်ကောင် အတွက် ဒေါ်လာ သန်း ၂၀ ရင်းခဲ့ဖူး

Sunday, March 9, 2014

၁၉၆၀ ခုနှစ် နောက်ပိုင်း စစ်အေး ကာလက ဖြစ်ပါတယ်။ ဆီုဗီယက်တို့ရဲ့ ကွန်မြူနစ် လွမ်းမိုးမှုကို တားဆီးရန် သူလျှို အမြောက်အများ မွေးထုတ် စေ လွတ် ပါတယ်။ တာဝန် ထမ်းဆောင် စေပါတယ်။

ယင်း သူသျှိုတွေထဲ မှာ ကြောင်တွေလည်း ပါဝင်ပါတယ်။

ရည်ရွယ်ချက်က ဒီလို ဖြစ်ပါတယ်။ ရန်သူတို့ရဲ့  တိတ်တဆိတ် ဆွေးနွေးပွဲ တွေမှာ ယင်းကြောင်ကို စေလွတ်ပြီး သတင်း အချက်အလက်များ မှတ်သား လာစေဖို့ ဖြစ်ပါတယ်။ ဒီအတွက် ကြောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝါယာ ကြိုးများ စက်ပစ္စည်းများ တပ်ဆင်စေပါတယ်။ ဒီအတွက် ကြောင်ရဲ့  ကျန်းမာရေးနဲ့ အသက် အန္တရာယ်ကိုလည်း မထိခိုက်စေ ပါဘူး။ အမြီးကိုတောင် အင်တာနာ တစ်တိုင်လို လိုင်းဖမ်းလို့ ရအောင် ဖန်တီး လိုက်ပါတယ်။ ကြောင်တစ်ကောင် အခန်းထဲ ဝင်ရင် ဘယ်သူမှ အရေးတယူ မလုပ်ဘူး ဆိုတဲ့အချက် အကြောင့်မို့ သူသျှို တစ်ကောင် ဖြစ်အောင် ဖန်တီး လိုက်တာ ဖြစ်ပါတယ်။ သူ့ကို Acoustic Kitty လို့တောင် နာမည် ပေးထား ပါတယ်။

ဒီအတွက် ကုန်ကျ စရိတ်ကို တစ်ကောင်ကို အမေရိကန် ဒေါ်လာ သန်း ၂၀ ရှိပါတယ်။ ၁၉၆၁ ခုနှစ်ကနေ ၁၉၆၇ ခုနှစ် အထိ အသုံးပြု ခဲ့တယ်လို့ ဆိုပါ တယ်။ သို့ပေမယ့် ခရီး မရောက်ပါဘူး။ အဓိက အချက်ကတော့ ယင်းကြောင်ဟာ ဗိုက်ဆာတဲ့ အခါ သူလိုရာကို စိတ်ကြိုက်သွား လာတာကြောင့် ဖြစ် ပါတယ်။ ဒီတော့ ကြောင်ကို Command ပေးနိုင်မယ့် နည်းပညာ တွေ ကြိုးစား ရှာပေမယ့် မအောင်မြင် ခဲ့ပါဘူး။ ဒါကြောင့် သန်း ၂၀ တန် ကြောင်သူလျှို စီမံကိန်းကြီး ပျက်ဆီး ခဲ့ရပါတယ်။

ကြောင်တစ်ကောင်ကို ဒေါ်လာ သန်း ၂၀ ရင်းပြီး သူသျှိုအဖြစ် မွေးထုတ် ခဲ့တဲ့ သတင်းကတော့ စီအိုင်အေမှာ ရယ်စရာ တစ်ခု အနေနဲ့ ကျန်ရှိနေခဲ့ ပါတယ်။

Credit To : မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..