တနင်္သာရီမြို့အား တနင်္သာရီမြစ်ရေကြီးမှုမှ ကာကွယ်ရန်အတွက် ရေထိန်းရေသွင်းတံခါးများ၊ ကျောက်စီနံရံများ
ပြုလုပ်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် ငွေကျပ်သိန်း ၄၈၁၃ ကျော်
အကုန်အကျခံကာ နှစ်လအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။နှစ်စဉ် တနင်္သာရီမြစ်ရေလွှမ်းမှုဒဏ်ကို ခံစားနေရသော တနင်္သာရီမြို့ကို
ရေလွှမ်းမိုးမှုများမှ ကာကွယ်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကုန်အကျခံကာ
ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခင်လျာထားခဲ့သည့် သိန်း ၁၆၀၀ အစား သိန်း ၄၈၀၀
ကျော်ကို တိုးမြှင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" အဲဒီငွေတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကုန်အကျခံကာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ မြို့နယ်အဆင့်က တွက်ချက်ပေးတာကို မလုံလောက်တာကတစ်ကြောင်း တည်ဆောက်မှုပိုင်းမှာ အဆင့်မီ တည်ဆောက်ပေးချင်တာကတစ်ကြောင်း ပြည်ထောင်စုအစိုးရ လယ်ဆည်ဝန်ကြီးဌာနက ဒေါက်တာဇော်လွင်ထွန်း ဦးဆောင်တဲ့အဖွဲ့လာရောက်ပြီး Survey လုပ်ပေးခဲ့တာပါ။ ကျွန်တော်တို့ဘတ်ဂျက် နှစ်မကုန်ခင် နှစ်လအတွင်း အပြီးတည်ဆောက်မှာပါ။ အဲဒီဆောက်လုပ်မှုကို မြိတ်အများပိုင်၊ ဆည်မြောင်း၊ ပြည်သူ့ဆောက်လုပ်ရေးနှင့် ရေအရင်းအမြစ်ဦးစီးဌာနတို့ ပူးပေါင်းဆောက်လုပ်မှာပါ" ဟု တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားခဲ့သည်။
လုပ်ငန်းစဉ်ရှစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၁) မြို့အ၀င်လမ်းသစ် တာဖို့ခြင်း၊ ရေကူးပြွန် တည်ဆောက်ခြင်း၊ (၂) ၀င်္ကပါတာဖို့ခြင်း၊ (၃) တာမံကျိုးပေါက်သည့်နေရာများအား မြေသားတာတမံ တည်ဆောက်ခြင်း၊ (၄) ဗိုလ်တဲလမ်းထိပ်တွင် ကျောက်စီနံရံတည်ဆောက်ခြင်း၊ (၅) စရဖလမ်းတွင် ကျောက်စီနံရံတည်ဆောက်ခြင်း၊ (၆) ၄ပေ×၄ပေ×၂ပေ ရေထိန်းတံခါးတည်ဆောက်ခြင်း၊ (၇) ၄ပေ× ၄ပေ×၁ပေ ရေသွင်းတံခါးတည်ဆောက်ခြင်း၊ (၈) ကျောက်စီရေနုတ်မြောင်း တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
တနင်္သာရီမြို့တွင် မိုးရာသီကာလအတွင်း မြစ်ရေကြီးမှု ဖြစ်ပေါ်ခဲ့စဉ်

No comments:
Post a Comment