လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, January 21, 2014

ဗိုလ်ချုပ်အောင်ဆန်း ကရင်ရွာသို့ရောက်ရှိစဉ် နေရေး၊ စားရေး တာဝန်ယူခဲ့ ဖူးသည့် ကရင်အဘွားအိုကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Photo: ဗိုလ်ချုပ်အောင်ဆန်း ကရင်ရွာသို့ရောက်ရှိစဉ် နေရေး၊ စားရေး တာဝန်ယူခဲ့ ဖူးသည့် ကရင်အဘွားအိုကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကပလီကျေးရွာသို့ ဗိုလ်ချုပ် အောင်ဆန်း ရောက်ရှိခဲ့စဉ်က နေထိုင်စားသောက်ရေးကို တာဝန်ယူခဲ့သည့် အသက်(၉၄)နှစ်အရွယ် ကရင်လူမျိုး အဘွားအို ဒေါ်နော်ဒါးအား ကရင် ပြည်နယ်သို့  ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနေထိုင်ရာ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလက ကျရောက်ခဲ့သော ကရင်အမျိုးသား နှစ်သစ်ကူး နေ့တွင် ကပလီကျေးရွာသို့ စည်းလုံးရေးခရီးစဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း  လာရောက်ခဲ့စဉ်က အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နော်ဒါးက ဗိုလ်ချုပ် အောင်ဆန်း၏ စားသောက်ရေးကို တာဝန်ယူခဲ့ရခြင်းဖြစ်သည်။ ““ဗိုလ်ချုပ် ဘာစားချင်လဲ မေးတော့ ကရင်ရွာကို ရောက်တာဆိုတော့ ကရင်တာလပေါ ဟင်းစားချင်တယ်ပြောလို့ ကရင်တာလပေါဟင်းကို ချက်ကျွေးရတယ်””ဟု ဒေါ်နော်ဒါးက ပြောသည်။

ထို့အပြင် ဗိုလ်ချုပ် အောင်ဆန်းသည် နေထိုင်ရန်အတွက် ကြီးကြီးကျယ်ကျယ် စီစဉ်ခိုင်းခြင်းမရှိဘဲ ရွာ၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အရှေ့ဘက်ရှိ ပိန္နဲပင် အောက်တွင်ရှိနေသော တန်းလျားပေါ်တွင်သာ အိပ်စက်သွားခဲ့သည်ဟု အသက်(၉၄)နှစ် အရွယ်ရှိ ဒေါ်နော်ဒါးကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်နော်ဒါးတို့ တွေ့ဆုံမှုသည် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား ကျန်းမာရေး ဂရုစိုက်ရန် ပြောပြီး အခြားသော အကြောင်းအရာများကို အထူးအထွေ ပြောဆိုခဲ့ခြင်း မရှိဟု ဒေါ်နော်ဒါးက ပြောသည်။

ကပလီကျေးရွာတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လူထုဟောပြောပွဲတစ်ရပ် ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်ခဲ့ သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံခဲ့သည့် ကပလီကျေးရွာကို သမိုင်းသံယောဇဉ်အရ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ယင်းဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောသို့ ဒေသခံပြည်သူလူထု နှစ်ထောင်ဝန်းကျင် တက်ရောက် ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ရောက်လာသူများ၏ ၉၉ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ကြသည်။

7day Daily
လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကပလီကျေးရွာသို့ ဗိုလ်ချုပ် အောင်ဆန်း ရောက်ရှိခဲ့စဉ်က နေထိုင်စားသောက်ရေးကို တာဝန်ယူခဲ့သည့် အသက်(၉၄)နှစ်အရွယ် ကရင်လူမျိုး အဘွားအို ဒေါ်နော်ဒါးအား ကရင် ပြည်နယ်သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနေထိုင်ရာ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။၁၉၄၇ ခုနှစ် ဇန်န၀ါရီလက ကျရောက်ခဲ့သော ကရင်အမျိုးသား နှစ်သစ်ကူး နေ့တွင် ကပလီကျေးရွာသို့ စည်းလုံးရေးခရီးစဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း လာရောက်ခဲ့စဉ်က အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နော်ဒါးက ဗိုလ်ချုပ် အောင်ဆန်း၏ စားသောက်ရေးကို တာဝန်ယူခဲ့ရခြင်းဖြစ်သည်။ ““ဗိုလ်ချုပ် ဘာစားချင်လဲ မေးတော့ ကရင်ရွာကို ရောက်တာဆိုတော့ ကရင်တာလပေါ ဟင်းစားချင်တယ်ပြောလို့ ကရင်တာလပေါဟင်းကို ချက်ကျွေးရတယ်””ဟု ဒေါ်နော်ဒါးက ပြောသည်။

ထို့အပြင် ဗိုလ်ချုပ် အောင်ဆန်းသည် နေထိုင်ရန်အတွက် ကြီးကြီးကျယ်ကျယ် စီစဉ်ခိုင်းခြင်းမရှိဘဲ ရွာ၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အရှေ့ဘက်ရှိ ပိန္နဲပင် အောက်တွင်ရှိနေသော တန်းလျားပေါ်တွင်သာ အိပ်စက်သွားခဲ့သည်ဟု အသက်(၉၄)နှစ် အရွယ်ရှိ ဒေါ်နော်ဒါးကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်နော်ဒါးတို့ တွေ့ဆုံမှုသည် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား ကျန်းမာရေး ဂရုစိုက်ရန် ပြောပြီး အခြားသော အကြောင်းအရာများကို အထူးအထွေ ပြောဆိုခဲ့ခြင်း မရှိဟု ဒေါ်နော်ဒါးက ပြောသည်။

ကပလီကျေးရွာတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လူထုဟောပြောပွဲတစ်ရပ် ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်ခဲ့ သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံခဲ့သည့် ကပလီကျေးရွာကို သမိုင်းသံယောဇဉ်အရ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ယင်းဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောသို့ ဒေသခံပြည်သူလူထု နှစ်ထောင်ဝန်းကျင် တက်ရောက် ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ရောက်လာသူများ၏ ၉၉ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ကြသည်။

7day Daily

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..