လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, January 21, 2014

ပေါက်စီအတွင်း အဆိပ် ခတ်ခဲ့သည့် တရုတ် အမျိုးသား တစ်ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

Photo: ပေါက်စီအတွင်း အဆိပ် ခတ်ခဲ့သည့် တရုတ် အမျိုးသား တစ်ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

ပေကျင်း ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် ပေါက်စီအတွင်း အဆိပ်ခတ်ခဲ့ ခြင်းကြောင့် ဂျပန် နိုင်ငံမှ လူ ၁ဝ ဦးခန့် အဆိပ်မိ၍ နာမကျန်း ဖြစ်စေခဲ့ကြောင်း ၎င်းအား တရုတ် အာဏာပိုင် များက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဂျပန်နှင့် တရုတ်သတင်း ဌာနများက ထုတ်ဖော် ပြောကြားခဲ့သည်။

ဟေဘေး အခြေစိုက် ပေါက်စီ စက်ရုံမှ အလုပ်သမား လူယူတင်းသည် ပြီးခဲ့သည့် နှစ်က ပေါက်စီ အတွင်းသို့ ပိုးသတ်ဆေး တစ်မျိုးကို ထိုးသွင်းခဲ့ပြီး ၎င်းပေါက်စီ များကို နောက်ပိုင်းတွင် ဂျပန် နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဝန်ခံပြောကြား ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ယူတင်းအား ဟေဘေးပြည်နယ် မြောက်ပိုင်း ရှီးကျားကျောင် ပြည်သူ့ တရားရုံးက ဇန်နဝါရီ ၂ဝ ရက်တွင် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိပ် သင့်မှုသည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီ လတွင် စတင်ခဲ့ပြီး အဆိပ် ခတ်ထားသော ပေါက်စီများကို စားသုံးမိသည့် အတွက် ဂျပန် နိုင်ငံမှ လူ ၁ဝ ဦးနီးပါး ဖျားနာ ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး မှာလည်း တင်းမာခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနနှင့် ကျိုဒိုသတင်း ဌာနတို့မှ ထုတ်ဖော်ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် ပေါက်စီအတွင်း အဆိပ်ခတ်ခဲ့ ခြင်းကြောင့် ဂျပန် နိုင်ငံမှ လူ ၁ဝ ဦးခန့် အဆိပ်မိ၍ နာမကျန်း ဖြစ်စေခဲ့ကြောင်း ၎င်းအား တရုတ် အာဏာပိုင် များက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဂျပန်နှင့် တရုတ်သတင်း ဌာနများက ထုတ်ဖော် ပြောကြားခဲ့သည်။ဟေဘေး အခြေစိုက် ပေါက်စီ စက်ရုံမှ အလုပ်သမား လူယူတင်းသည် ပြီးခဲ့သည့် နှစ်က ပေါက်စီ အတွင်းသို့ ပိုးသတ်ဆေး တစ်မျိုးကို ထိုးသွင်းခဲ့ပြီး ၎င်းပေါက်စီ များကို နောက်ပိုင်းတွင် ဂျပန် နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဝန်ခံပြောကြား ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ယူတင်းအား ဟေဘေးပြည်နယ် မြောက်ပိုင်း ရှီးကျားကျောင် ပြည်သူ့ တရားရုံးက ဇန်နဝါရီ ၂ဝ ရက်တွင် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိပ် သင့်မှုသည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီ လတွင် စတင်ခဲ့ပြီး အဆိပ် ခတ်ထားသော ပေါက်စီများကို စားသုံးမိသည့် အတွက် ဂျပန် နိုင်ငံမှ လူ ၁ဝ ဦးနီးပါး ဖျားနာ ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး မှာလည်း တင်းမာခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနနှင့် ကျိုဒိုသတင်း ဌာနတို့မှ ထုတ်ဖော်ပြောကြား ခဲ့သည်။
MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..