ထိုင်းနိုင်ငံတွင် ကျင်းပနေတဲ့ Miss Grand International 2013
ပြိုင်ပွဲများထဲက Best National Costume Award ရဲ့ အကောင်းဆုံး ထိပ်တန်း ၁၀
ဦးတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ထားထက်ထက်ဟာ ယမန်နေ့က ရွေးချယ်ခံရပါ တယ်။ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၀ ကျော်က အလှမယ်တွေဟာ ကိုယ့်အမျိုးသား
ဝတ်စုံတွေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ မှာ Best National Costume
Award ပြိုင်ပွဲကို ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ တာဖြစ် ပါတယ်။
အဲဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ထားထက်ထက်က မြန်မာ ဒီဇိုင်နာ မပုံရဲ့ အင်းဝခတ် မြန်မာ့ရိုးရာ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တာဖြစ်ပါတယ်။
Top 10 စာရင်းဝင် မြန်မာ Miss Grand International 2013 ပြိုင်ပွဲဝင် ထားထက်ထက် ၊

ဓာတ်ပုံ-
လင်းသန့်/ဧရာဝတီ
No comments:
Post a Comment