လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 9, 2013

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း အိမ်ရှင်နှင့် စတင်တွေ့

Photo: ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း အိမ်ရှင်နှင့် စတင်တွေ့
Wednesday, October 9, 2013

ဗီယက်နမ်ဖိတ်ခေါ် ယူ- ၂၁ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ - ၁၉ အသင်းသည် ပွဲဦးထွက်ပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် စတင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၂ ရက်မှ ၂၂ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ စင်ကာပူနှင့် သြစတြေးလျကလပ် ဆစ်ဒနီအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲဝင် ငါးသင်းအနေဖြင့် အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ နှင့် အဆင့် သုံး၊ လေးရသည့် အသင်းများမှာ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် အောက်တိုဘာ ၁၂ ရက်တွင် ဗီယက်နမ်အ သင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဆစ်ဒနီအသင်း၊ အောက်တိုဘာ၁၈ 
တွင် မလေးရှားအသင်း၊ အောက်တိုဘာ ၂၀ တွင် စင်ကာပူအသင်း တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်တို့ကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲသို့ မြန်မာ ယူ-၁၉ အသင်းအား ၀င်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ဂျာမနီနည်းပြ ဂတ်ဖရိုင်းဒရစ် ကိုင်တွယ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည်  နောက် ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ဗီယက် နမ်ဖိတ်ခေါ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအသင်းတွင် ကစားသမား  ၁၈ ဦး ပါဝင်မည်ဖြစ်သည်။

လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် မြန်မာ ယူ-၁၉ အသင်းမှ ကစားသမားများ ဓာတ်ပုံ - ဗိုလ်ဗိုလ်ဝင်း 

7 Day Daily
ဗီယက်နမ်ဖိတ်ခေါ် ယူ- ၂၁ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ - ၁၉ အသင်းသည် ပွဲဦးထွက်ပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် စတင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၂ ရက်မှ ၂၂ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ စင်ကာပူနှင့် သြစတြေးလျကလပ် ဆစ်ဒနီအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ပြိုင်ပွဲဝင် ငါးသင်းအနေဖြင့် အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ နှင့် အဆင့် သုံး၊ လေးရသည့် အသင်းများမှာ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် အောက်တိုဘာ ၁၂ ရက်တွင် ဗီယက်နမ်အ သင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဆစ်ဒနီအသင်း၊ အောက်တိုဘာ၁၈
တွင် မလေးရှားအသင်း၊ အောက်တိုဘာ ၂၀ တွင် စင်ကာပူအသင်း တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်တို့ကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲသို့ မြန်မာ ယူ-၁၉ အသင်းအား ၀င်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ဂျာမနီနည်းပြ ဂတ်ဖရိုင်းဒရစ် ကိုင်တွယ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် နောက် ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ဗီယက် နမ်ဖိတ်ခေါ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအသင်းတွင် ကစားသမား ၁၈ ဦး ပါဝင်မည်ဖြစ်သည်။

လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် မြန်မာ ယူ-၁၉ အသင်းမှ ကစားသမားများ ဓာတ်ပုံ - ဗိုလ်ဗိုလ်ဝင်း

7 Day Daily

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..