လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, October 6, 2013

ကိုယ့်အပေါ် မမှန်မကန်ပြောချင် ပြောပါစေ

Photo: ကိုယ့်အပေါ် မမှန်မကန်ပြောချင် ပြောပါစေ
 Sunday, October 6, 2013

စွပ်စွဲကဲ့ရဲ့တယ်ဆိုတာ အခုမှဖြစ်ပေါ်လာတဲ့ အောက်တန်းစားအလုပ်
မဟုတ်ဘူး...ဘုရားရှင်လက်ထက်မှာကတည်းကရှိနှင့်နေခဲ့တာပဲ...

သူများအပေါ် မဟုတ်တမ်းတရားတွေ ပြောဆိုတတ်တဲ့သူတွေမှာ
သေချာလေ့လာကြည့်လိုက်ပါ...ဘယ်မှာကျက်သရေရှိလို့လဲ...
မျက်နှာမြင်ရုံနဲ့ ကြည့်တတ်ရင်သိတယ်ဆိုတာ အဖြေကအရှင်းကြီးပါပဲ...

မေတ္တာကလေးသာနာနာဖိပြီးပို့ပါ...
မေတ္တာတရားဟာအကောင်းဆုံး တုံ့ပြန်နည်းဖြစ်တယ်...

လူလူချင်း... ဘုန်းကြီး ဘုန်းကြီးချင်းလည်း အခန့်မသင့်ရင်ဆန့်ကျင် ပုတ်ခတ် ပြောဆိုတတ်ကြတာပါ...

ကိုယ့်ဘက်ကသာမူမှန်မှန်နေပြီး မေတ္တာတရားပွားများပေးဖို့သာ
လိုအပ်တယ်...

လိုချင်သူကို ပေးလိုက်ပါ... ကဲ့ရဲ့ချင်သူကိုလည်း မေတ္တာဓာတ်ပို့လိုက်ပါ...

နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..