လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 8, 2013

အာတိတ် ရေခဲပြင်လွှာ၏ အောက်မှ ရေခဲစီးဆင်းရာ လမ်းကြောင်းများစွာ သိပ္ပံပညာရှင်များ တွေ့ရှိ

Photo: အာတိတ် ရေခဲပြင်လွှာ၏ အောက်မှ ရေခဲစီးဆင်းရာ လမ်းကြောင်းများစွာ သိပ္ပံပညာရှင်များ တွေ့ရှိ
Tuesday, October 8, 2013

သိပ္ပံပညာရှင်များသည် တောင်ဝင် ရိုးစွန်းဒေသရှိ ပေါလောပေါ်နေသော ရေခဲလွှာတစ်ခု၏ အောက်တွင် ၂၅ဝ မီတာအရှည်ရှိ ရေခဲစီးဆင်းရာ လမ်းကြောင်းများစွာကိုရှာဖွေတွေ့ရှိခဲ့သည် ဟု သိရသည်။

အဆိုပါ လမ်းကြောင်းများသည် ရေခဲပြင်လွှာ၏ တည်ငြိမ်မှုကို လွှမ်းမိုးနိုင်ဖွယ်ရှိပြီး ယင်းတွေ့ရှိမှုသည် ပြောင်းလဲနေသည့် ပတ်ဝန်းကျင် အခြေအနေများပေါ်၌ ရေခဲများ အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်မှုရှိသည် ဆိုခြင်းကို သုတေသီများ လေ့လာနိုင်ရန်အတွက် အကူအညီ ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ရေခဲပြင်လွှာ ၏အောက်မှ ရေခဲစီးဆင်းရာ လမ်းကြောင်းများကို ဖော်ထုတ်နိုင်ရန် ဂြိုဟ်တုပုံရိပ်များနှင့် လေယာဉ်သုံးရေဒါ အတိုင်းအတာများကို အသုံးပြုခဲ့ကြ သည်ဟု သိရသည်။

ရေခဲထုအပေါ် မူတည်၍ ကွဲပြားသော အမြင့်ပေါ်တွင် ပေါလောပေါ်နေခြင်းကြောင့် အဆိုပါ ရေခဲလမ်းကြောင်းများကို ရေခဲလွှာ၏ အောက်တွင်တွေ့ရ သကဲ့သို့ ရေခဲပြင်လွှာ ၏ အပေါ်တွင်လည်း တွေ့မြင်နိုင်ကြောင်း၊ ထို့အပြင် ကုန်းမြေနှင့် ထိစပ်နေသည့် ရေခဲအစိတ် အပိုင်း၏ အောက်တွင် လည်း ရေခဲလမ်းကြောင်းများ ကို တွေ့မြင်နိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားထား သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..